ဘောရစ်မုန်တိုင်းကြောင့် ဥရောပအလယ်ပိုင်းနှင့် အရှေ့ဥရောပတစ်ခွင်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ဩစတြီးယားတွင် ရေကြီးရေလျှံမှုအတွင်း မီးသတ်သမားတစ်ဦး ေ-သဆုံးခဲ့ကာ ပိုလန်တွင် လူတစ်ဦး ရေနစ်ေ-သဆုံးခဲ့သည်။
ရိုမေးနီးယားတွင် လူငါးဦး ေ-သဆုံးခဲ့ပြီး ချက်သမ္မတနိုင်ငံ၌ ေ-သဆုံးမှုများမှာမူ စာရင်းမရရှိသေးပေ။ မိုးရွာသွန်းမှုမှာ သုံးရက်အတွင်း ချက်သမ္မတနိုင်ငံ၌ အဆိုးရွားဆုံးဖြစ်သည်။
ပိုလန်ဝန်ကြီးချုပ် Donald Tusk ကလည်း သဘာဝဘေးဒဏ်သင့်သည့် အခြေအနေဖြစ်ကြောင်း ကြေညာခဲ့သည်။
ပိုလန်ရှိ Kłodzko ဒေသတွင် လူပေါင်း ၁၇၀၀၀ ခန့်သည် လျှပ်စစ်မီး ပြတ်တောက်မှုကိုရင်ဆိုင်နေရပြီး အင်တာနက်နှင့် မိုဘိုင်းတယ်လီဖုန်း ချိတ်ဆက်မှုလည်း ပြတ်တောက်နေလျက်ရှိသည်။
သြစတြီးယားနိုင်ငံဒေသအချို့တွင်လည်း သဘာဝဘေးအန္တရာယ်နယ်မြေအဖြစ် ကြေညာခဲ့ပြီး “မကြုံစဖူး လွန်ကဲသောအခြေအနေ” ဟု တာဝန်ရှိသူများက ဆိုကြသည်။
ဩစတြီးယားတွင် ရေလျှံနေသော မြေအောက်ခန်းကိုတစ်ခုမှ ရေကို စုပ်ထုတ်စဉ် မီးသတ်သမားတစ်ဦး ေ-သဆုံးခဲ့ကြောင်း အုပ်ချုပ်ရေးမှူး Johanna Mikl-Leitner က ပြောကြားခဲ့သည်။
သြစတြီးယားနိုင်ငံ အောက်ပိုင်းပြည်နယ်တစ်ခုလုံးကို ကပ်ဘေးဇုန်အဖြစ် ကြေညာလိုက်ပြီဟုလည်း သူမက ပြောပါတယ်။
ရထားခရီးစဉ်အများအပြားကို ဖျက်သိမ်းခဲ့ပြီး ဗီယင်နာမြေအောက်လမ်းအချို့ကိုလည်း ပိတ်ထားရကာ ကားလမ်းမတစ်ခုထက်မနည်း ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
