ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြိုနယ် ရန်ကုန် – မန္တလေးလမ်းဟောင်းပေါ်ရှိ အဆုံတံတား ပြန်လည် တည်ဆောက်လျက်ရှိရာ ယနေ့ စက်တင်ဘာ(၁၆)ရက်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်းနှင့် ယာဉ်များကို တန် (၄၀) အထိ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ(၁၁)ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နဝင်းချောင်းရေ မြင့်တက်၍၊ ကင်းသာကျေးရွာ၊ ရန်ကုန်- မန္တလေး လမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၄၅ မိုင် ၇ ဖာလုံနှင့် ၂၄၆ မိုင်ကြားရှိ နဝင်းချောင်းအားဖြတ်၍ တည်ဆောက်ထားသောအရှည် ၁၉၀ ပေ၊ ၄ လမ်းသွား တံတားမှာ တံတားအရင်းရှိ ကွန်ကရစ်မြေသား(တံတားချဉ်းကပ် လမ်းမြေသား) ၄ ပေခန့် ရေတိုက်စား၍ ထက်ပိုင်းကျိုးကျ ပျက်စီးခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် မော်တော်ယာဉ်များ တပ်ကုန်း-ပုဗ္ဗသီရိလမ်းမှတစ်ဆင့် သွားလာခဲ့ရပြီးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စု နယ်မြေ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ပျက်စီးခဲ့ရသည့် လမ်း/တံတားများကို လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် အမြန်ဆုံး ပြန်လည်ပြုပြင်လျက်ရှိရာ သိုက်ချောင်းတံတားနှင့် နဝင်းချောင်းတံတားတို့ကို သံဘောင်ဘေလီ အစားထိုး ပြုပြင်လျက်ရှိပြီး ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထားသော ပုပ္ပါးကုန်းတံတား(ဆင်သေချောင်းကူး) ချဉ်းကပ်လမ်းပျက်စီး ယာယီဘေလီတံတား အစားထိုးခြင်း ပြီးစီးပြီဖြစ်၍ စက်တင်ဘာ (၁၄)ရက် နေ့လယ်ပိုင်းတွင် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
အလားတူ နေပြည်တော်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် လယ်ဝေး၊ ပျဉ်းမနား၊ ဇေယျာသီရိနှင့် ပုဗ္ဗသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ တိုင်းနှင့် ပြည်နယ်တို့တွင် ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများတွင် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
