မြောင်းမြမြို့နယ် မြောင်းမြအကျဉ်း ထောင်တွင် မတ် ၁၄ ရက် ည ၇ နာရီခန့်တွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား အချင်းချင်းလူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မြောင်းမြ အကျဉ်းထောင်အတွင်း အမှတ်(၃) အိပ်ဆောင် အခန်း (၄) ၌ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ကျခံနေရသူ အိမ်မဲမြို့နယ်မှ ကိုထွန်းထွန်းဦး (ခ) ဘွက်ကလုံ (ခ) ချစ်ရအောင်မှာ တစ်ဆောင်တည်းနေသူ ဦးသိန်းအောင်အား အကျဉ်းထောင်အရှေ့ဘက် ခြံစည်းရိုးအနီး၌ လက်လုပ်သံချွန် ဖြင့် ဝဲဘက်ရင်အုံအောက် သို့တစ်ချက်၊ ဝဲဘက်ချိုင်းအောက်သို့တစ်ချက် ထိုးသွင်းခဲ့သောကြောင့် ဦးသိန်းအောင်အား မြောင်းမြဆေးရုံကြီးသို့ ပို့ဆောင်ကုသသော်လည်း သေဆုံးခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြအကျဉ်းထောင်ရှိ တာ ဝန်ရှိသူများက မြောင်းမြမြို့ရဲစခန်းသို့ သတင်းပို့ တိုင်ကြားမှုအရ သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ ဦးသိန်းအောင်မှာ ကိုထွန်းထွန်းဦး (ခ) ဘွက်ကလုံ (ခ) ချစ်ရအောင်အိပ် ပျော်နေစဉ် ကိုထွန်းထွန်းဦး၏မိခင်ဖြစ်သူအား ဆဲဆိုပုတ်ခတ်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ရန်ငြိုးထားကာ သတ်ဖြတ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်းသိရသည်။
“မြောင်းမြအကျဉ်းထောင်ထဲမှာ မနေ့ကတုန်းက ကျွန်တော်တို့ လူသတ်မှု တစ်ခုဖြစ်သွားပါတယ်။ အဲ့ဒါကတော့ မြောင်းမြမြို့မရဲစခန်းရဲ့ (ပ) ၁၆၃ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အရေးယူဆောင်ရွက်ထားရှိပါ တယ်။ တရားလိုကတော့ လက်ထောက်ကြီးကြပ်ရေးမှူး ရဲမင်းအောင်ထွေးဖြစ်ပြီး ထောင်ကနေပြီးတော့ တရားလိုလုပ် တိုင်တန်းတာပါ။ သေသွားတဲ့လူနာမည်ကတော့ သိန်းအောင် ၅၈ နှစ် အဖေနာမည် ဦးကုလားပု ရွှေဘုံသာကျေးရွာ အိမ်ခြေလေးဆယ်အုပ်စု ဒိုက်ဦးမြို့နယ် ပဲခူးတိုင်းကဖြစ်ပါတယ်။ သူဟာဆိုရင် ရာဇသတ်ကြီးပုဒ်မ ၃၇၆အရ ထောင်ဒဏ်ဆယ်နှစ် ကျခံထားပြီး ဖြစ်ပါ တယ်။ တရားခံကတော့ အိမ်မဲရဲစခန်းကနေ ပြီးတော့ ဆိုင်ကယ်ခိုးမှု ငါးမှုနဲ့ ကျထားတဲ့ တရားခံ ထွန်းထွန်းဦး (ခ) ဘွက်ကလုံ (ခ) ချစ်ရအောင် ၂၄ နှှစ်ဖြစ်ပါတယ်” ဟု မြောင်း မြမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဇော်မင်းက ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြောင်းမြ မြို့မရဲစခန်းမှ အကျဉ်းဦးစီးဌာနမှ တရားလို လုပ်တိုင်တန်းမှုအရ အကျဉ်းသားအချင်းချင်း သတ်ဖြတ်ခဲ့သည်ဟုဆိုသော ကိုထွန်းထွန်းဦး (ခ) ဘွက်ကလုံ (ခ) ချစ်ရအောင်အား (ပ) ၁၆၄/ ၂၀၁၉၊ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
