ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၏ (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ ပြီးဆုံးပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်တွင် စတင်ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသည် မတ် ၁၅ ရက်တွင် ပြီးဆုံးခဲ့ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အစည်းအဝေးများ မတ် ၁၄ ရက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးကာလ နှစ်လခန့်အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို ၁၆ ရက် ပြုလုပ်ခဲ့ပြီး ထုတ်ပြန်ကြေညာပြီး ဥပဒေ ခုနစ်ခုအပါအဝင် ဥပဒေကြမ်း ၁၃ ခုကို ဆွေးနွေးအတည်ပြုပေးနိုင်ခဲ့သည့်အပြင် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များ နှင့် သက်ဆိုင်သည့် ကိစ္စရပ်ငါးခုနှင့် အဖွဲ့ အစည်းဆိုင်ရာ အစီရင်ခံစာငါးခု အပါအဝင် လွှတ်တော်ဆိုင်ရာ အခြားကိစ္စရပ်များအတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းနှင့် မှတ် တမ်းတင်ခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားသည်။
ဆက်လက်ပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် အစည်းအဝေးကျင်းပရက် ၂၅ ရက်ရှိခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၁၇၂ ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၅၃၅ ခု ဖြေကြားခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး အဆို ၁၅ ခု တင်သွင်းခဲ့ရာတွင် အတည်ပြုအဆို ကိုးခု၊ မှတ်တမ်းတင်အဆို လေးခုနှင့် လက်ခံဆွေးနွေးရန်မရှိ အဆိုနှစ်ခု ဖြစ်ကြောင်းနှင့်ဆောင်ရွက်ခဲ့သည့် ဥပဒေ ကြမ်း ၂၃ ခုတွင် ဥပဒေကြမ်း ၁၁ ခုကိုအတည် ပြုနိုင်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း ၁၂ ခု ကျန်ရှိနေကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ပြင် ယင်းအစည်းအဝေးကာလအတွင်း ကော်မတီဆိုင်ရာ ဆောင်ရွက်ချက်များအနေဖြင့် ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို ကိုယ်စားလှယ် ၁၆ ဦးဖြင့်လည်းကောင်း၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီကို ကိုယ်စားလှယ် ၁၅ ဦး ဖြင့်လည်းကောင်း ဖွဲ့စည်းနိုင်ခဲ့သည့်အပြင် လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မတီ ၁၄ ခု၏ သက်တမ်းတိုးမြှင့်ခြင်း၊ ဥပဒေကြမ်းကော်မတီနှင့် အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာတို့ကို အတည်ပြုခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ဥက္ကဋ္ဌကပြောကြားသည်။
အမျိုးသားလွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အစည်း အဝေးကျင်းပရက် ၂၅ ရက်ရှိခဲ့ပြီး ယင်း ကာလအတွင်း ကြယ်ပွင့်ပြမေးခွန်း ၁၂၁ ခု နှင့် ကြယ်ပွင့်မပြမေးခွန်း ၃၀၃ ခု မေးမြန်းခဲ့ပြီး ကော်မတီအစည်းအဝေး ၁၁၈ ကြိမ် ပြုလုပ်ခဲ့ကာ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် စာတမ်းတိုနှစ်စောင် ထုတ်ဝေခဲ့ကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးက သိရှိလိုသည့် သတင်းအချက်အလက် မေးမြန်းမှုများအနက် အချက် ၆၀ ကို ရှာဖွေပေးခဲ့ပြီး ဆောင်ရွက်ဆဲ ၂၂ ချက်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
