တိုးမြှင့်ပင်စင်လစာ လာရောက်ထုတ်ယူခြင်းမရှိသည့် ပင်စင်စားနှစ်သိန်းကျော်ရှိကြောင်း ပင်စင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရသည် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ပင်စင်လစာမှစတင်ပြီး တိုးမြှင့်ခံစားခွင့်ပြုခဲ့ပြီးဖြစ်ရာ ပင်စင်စားတစ်ဦးချင်းစီအတွက် တိုးမြှင့်ပင်စင်ငွေပေး အမိန့်များ စိစစ်တွက်ချက်ထုတ်ပြန်၍ မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးသို့ နေ့စဉ်ပေးပို့လျက်ရှိပြီး အငြိမ်းစားဝန်ထမ်းများ၏ တိုးမြှင့်ပင်စင်လစာများ ဆောလျင်စွာ ခံစားရရှိနိုင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ကာကွယ်ရေးပင်စင်စားများအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် ငွေစာရင်းရုံးများမှလည်းကောင်း၊ နိုင်ငံတော်စီးပွားရေးအဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းများမှ အငြိမ်းစားများအတွက် သက်ဆိုင်ရာလုပ်ငန်း အဖွဲ့အစည်းများမှလည်းကောင်း၊ မြို့ပြနှင့် နိုင်ငံရေးပင်စင်စားများအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနမှလည်းကောင်း တိုးမြှင့်ပင်စင်ငွေပေးမိန့်များ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားသည်။
ထို့ပြင် ပင်စင်ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပေးသည့် ပင်စင်စားဦးရေ (ဦးစီး၊ နိုင်ငံရေး) ၄၀၅၉၇၉ ဦးအနက် မတ် ၁၃ ရက် အထိ မြို့ပြပင်စင်စားဦးရေ ၃၁၇၈၁၀၊ နိုင်ငံရေးပင်စင်စားဦးရေ ၄၉၉၆၈ ဦး၊ စုစုပေါင်း ပင်စင်စားဦးရေ ၃၆၇၇၇၈ ဦး၏ ငွေပေးမိန့်များအား ထုတ်ပြန်ပြီး သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲအသီးသီးသို့ ပေးပို့ခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်းပင်စင်စားဦးရေ၏ ၉၀ ဒသမ ၅၉ ရာခိုင်နှုန်းအတွက် တိုးမြှင့်ပင်စင်ငွေပေးမိန့် ထုတ်ပြန်ဆောင်ရွက်ပြီးစီးပြီး ငွေပေးမိန့်ထုတ်ပြန်ရန် ၉ ဒသမ ၄၁ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း၊ အဆိုပါကျန်ရှိသည့် ပင်စင်စားများအတွက် ငွေပေးမိန့်များ ဆက်လက်ထုတ်ပြန်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပင်စင်ဦးစီးဌာနက မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ပေးပို့ထားသည့် တိုးမြှင့်ငွေပေးမိန်များအနက် မတ် ၈ ရက်အထိ မြို့ပြ ပင်စင်စား ၁၃၅၁၀၀၊ နိုင်ငံရေးပင်စင်စား ၂၄၁၄၉ ဦး၊ စုစုပေါင်းပင်စင်စား ၁၅၉၂၄၉ ဦးသာ ပင်စင်လစာငွေများ ထုတ်ယူခဲ့ပြီး ထုတ်ယူရန်ကျန်ရှိနေသည့် ပင်စားဦးရေ ၂၀၈၃၀၁ ဦးဖြစ်ကြောင်း၊ ပင်စင်စားများအနေဖြင့် တိုးမြှင့်ပင်စင်လစာများအား သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများသို့ ဆက်သွယ်ထုတ်ယူ ကြရန်နှင့် https://www.mopf.fov.mm.com မှ ပင်စင်ဦးစီးဌာန၏ သတင်းသို့မဟုတ် Home Page ၏ ဘဏ္ဍာရေးကဏ္ဍသို့ ဝင်ရောက်၍ ပင်စင်ဦးစီးဌာန၏ Update သတင်းတွင်လည်းကောင်း၊ ပင်စင်ဦးစီးဌာန၏ Pension Department Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုးမြှင့်ပင်စင်ငွေပေးမိန့်စာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ပင်စင်စားများအနေဖြင့် ပင်စင်ဦးစီးဌာန (ရုံးချုပ်) ၀၆၇-၃၄၁၀၃၇၃၊ ဖုန်း ၀၉-၄၄၂၁၄၅၉၁၃ သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
