ပြည်ထောင်စုဝန်ကြီးဌာနက ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ် ကွက်များ ချထားပေးနိုင်သော ဧရိယာအဖြစ် သတ်မှတ်ပေးထားခြင်းမရှိသည့် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်ပေါင်းရှစ်မြို့နယ်၌ တရားဝ င်ဓာတ်သတ္တုအသေးစားနှင့်လက်လုပ်လက်စားလုပ်ကွက်များချထားပေးနိုင်
ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက် ရက်စွဲဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေးရာဝန်ကြီးဌာန (နေပြည်တော်) ထံ တင်ပြထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်သယံဇာတသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာကော်မတီ၏ဥက္ကဋ္ဌလည်းဖြစ်တန့် ဆည်မြို့နယ်မဲဆန္ဒနယ်မြေအမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမြင့်ဦး၏ ပြောကြားချက်အရသိရသည်။
တိုင်းဒေသကြီးအတွင်းရှိမြို့နယ်ပေါင်း ရှစ်မြို့နယ်က ဒေသခံအချို့မှာ ရွှေလက်လုပ်လက်စားလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေရကြောင်း တရားဝင်ရွှေလုပ်ကွက်များ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ဒေသခံများက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များ ထံ တင်ပြတောင်းဆိုမှုများလည်းရှိကြောင်း ၎င်းင်းက ဆိုသည်။
“ကောလင်းမြို့နယ် ရယ်ဗန်းမောက်မြို့ နယ်ရယ်ကျွန်းလှမြို့နယ်ရယ် တန့်ဆည်မြို့နယ်ရယ်စတဲ့ မြို့နယ်ပေါင်းရှစ်မြို့နယ်မှာ ရွှေလုပ်ကွက်တွေ တိုင်းတာပြီးတော့ တိုင်းဒေသကြီးကို ခွဲပေးဖို့ရာအတွက် တင်ထား တယ်။ ရွှေတူးဖော်မှုနဲ့ ပက်သက်ပြီးတော့ တရားမဝင်ဖြစ်တာကို တရားဝင်ဖြစ်အောင် ဆိုပြီး တင်ပြထားတာပါ” ဟု တန့်ဆည်မြို့ နယ်မဲဆန္ဒနယ်မြေအမှတ် (၁) တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။
ထို့ပြင် ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးရန်အတွက် ဧရိယာသတ်မှတ်ပေးထား ခြင်းမရှိခြင်းကြောင့် ရွှေထွက်ရာမြို့နယ်များ၌ ရွှေသတ္တု တူးဖော်မှုအပေါ် အသက်မွေး ဝမ်းကျောင်းပြုလုပ်နေသည့် ဒေသခံများမှ တရားဝင်လုပ်ကိုင်လိုသော်လည်း လုပ်ကိုင် ခွင့်မရဖြစ်ပေါ်နေကြောင်း တင်ပြစာအရ ဆက်လက်သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း ရှစ်မြို့နယ်၌ ဓာတ်သတ္တု အသေးစားနှင့် လက်လုပ်လက်စားလုပ်ကွက်များ ချထားပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ပြည် ထောင်စုအစိုးရထံတင်ပြထားသည့်မြို့နယ်များမှာ ဗန်းမောက်မြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ မော်လိုက်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကနီမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
