ရှမ်းပြည်နယ်သည် ငမြှောင်တောင်ပိုးဒဏ် အကြီးအကျယ်ခံရဖွယ်ရှိသည့် ဒေသဖြစ်ပြီး သီးနှံဖျက်ပိုးထိန်းချုပ်ရေးအတွက် အမေရိကန်နှင့် မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။
အမေရိကန်အခြေစိုက် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး အဖွဲ့အစည်းများနှင့်အတူ လက်တွဲ၍ မြန်မာနိုင်ငံအတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို သိသာစွာကျဆင်းစေနိုင်သော ငမြှောင်တောင်ပိုးခေါ် သီးနှံဖျက်ပိုး ကျရောက်ပျံနှံ့မှု လျော့ပါးစေရေးဆောင်ရွက်ရန် ယခုသီတင်းပတ်အတွင်း ရောက်ရှိနေကြောင်း၊ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီသည် မီရှိဂန်ပြည်နယ်တက္ကသိုလ်မှ ကျွမ်းကျင်သူပညာရှင် ရှစ်ဦးနှင့်အတူ နေပြည်တော်သို့ မတ် ၁၄ရက်တွင် သွားရောက်ကာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ အင်န်ဂျီအိုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့် အစိုးရတာဝန်ရှိသူများနှင့်အတူ သီးနှံဖျက်ပိုး ကျရောက်ပျံ့နှံ့မှု လျော့ပါးစေရေး မဟာဗျူဟာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်တာပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် မီရှိဂန်ပြည်နယ်တက္ကသိုလ်အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်တို့သည် မြစ်ဝကျွန်းပေါ်ဒေသ ညောင်တုန်း၊ ဓနုဖြူနှင့် ဟင်္သာတမြို့နယ်သို့ သွားရောက်၍ ငမြှောင်တောင်ပိုးကျရောက်မှု ဒဏ်အကြီးအကျယ်ခံခဲ့ရသည့် တောင်သူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။
“သီးနှံဖျက်ပိုး မျိုးစိတ်အသစ်ကြောင့် မြန်မာနိုင်ငံအတွင်း သီးနှံဆုံးရှုံးရမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ လာရောက်လေ့လာပြီး အကြံဉာဏ်တွေ ပေးဖို့အတွက် မြန်မာအစိုးရက အကူအညီတောင်းပါတယ်။ ကျွန်တော်တို့ကလည်း လှိုက်လှိုက်လှဲလှဲကူ ညီဖို့အသင့်ပါပဲ” ဟု သံအမတ်ကြီး မာစီရယ်က ပြောကြားသည်။
ယခုအစီအစဉ်သည် မြန်မာနိုင်ငံအ တွင်း ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးသာယာရေး နှင့် ငြိမ်းချမ်းရေးအတွက် အမေရိကန်ပြည် ထောင်စုက နှစ်စဉ် ဒေါ်လာသန်း ၁၂၀ နီးပါး ပေးအပ်နေသည့် အကူအညီများ အတွင်းမှ အစိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း၊ ရှမ်းပြည် နယ်သည် မြန်မာနိုင်ငံအတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ပြီး ယင်းသီး နှံဖျက်ပိုးဒဏ် အကြီးအကျယ်ခံခဲ့ရဖွယ်ရှိ ကြောင်း၊ ယင်းသီးနှံဖျက်ပိုးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒေသခံဝန်ထမ်းများက ဇလွန်နှင့် ဟင်္သာတ မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီက မြန်မာနိုင်ငံ၌ ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ် သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
