ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပညာပေးမှု ဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့အစည်းများကို အချို့မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်များတွင် ခွင့်မပြုခြင်းများရှိနေကြောင်း International IDEA အဖွဲ့မှ ကိုအောင်နိုင်မော်က ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်အဆင့်ဆင့် ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် International IDEA အဖွဲ့မှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော်လည်း သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအထွေထွေအုပ်ချုပ်ရေးနှင့် စည်ပင်ရွေးကောက်ပွဲကော်မရှင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းလျက်ရှိကြောင်း ကိုအောင်နိုင်မော်က ပြောကြားသည်။
“အချို့သော မြို့နယ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းပါဝင်မှုကို သံသယဖြစ်တာမျိုး၊ ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းလုပ်တာမျိုးကို သူတို့အနေနဲ့ မဲဆွယ်စည်းရုံးတာတွေနဲ့ မသဲကွဲဘူး။ ကော်မရှင်တွေကိုယ်တိုင်က မဲဆွယ်စည်းရုံးတာနဲ့ အသိပေးပညာပေးတာကို မသဲကွဲတဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ အချို့သော မြို့နယ်တွေကို ချိတ်ဆက်တဲ့အခါမှာ သက်ဆိုင်ရာအာဏာပိုင်တွေက ချက်ချင်းခွင့်မပြုနိုင်တာတွေ၊ နည်းနည်းလေးညစ်တာမျိုးတွေ တွေ့ရတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင်က အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တာကို အသိအမှတ်ပြုပြီး ကတ်ပြားထုတ်ပြီး လုပ်နေပေမဲ့လည်း အဲဒီကတ်ပြားတွေနဲ့ သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာကော်မရှင်တွေကို သွားတဲ့အခါမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးတဲ့ ကတ်ပြားကိုတောင် သံသယဖြစ်တယ်။ အလွယ်တကူ ခွင့်မပြုချင်တာမျိုး တွေ့ရပါတယ်” ဟု ကိုအောင်နိုင်မော်က ပြောကြားသည်။
ထို့ပြင် စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း ဆောင်ရွက်မှုများကို သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာကော်မရှင်များအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်း ကိုအောင်နိုင်မော်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲကို မတ် ၃၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် သွားရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ခြောက်ခုမှ ကော်မတီဝင်ခြောက်ဦး၊ မြို့နယ်တစ်မြို့နယ်တွင် မြို့နယ်ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်နှစ်ဦးဖြစ်သဖြင့် ၃၃ မြို့နယ်အတွက် ၉၉ ဦး၊ စုစုပေါင်း ၁၀၅ ဦး ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း သိရသည်။
စည်ပင်ရွေးကောက်ပွဲတွင် လူတစ်ဦးလျှင် မဲလေးခါပေးရမည်ဖြစ်ကြောင်း သိရပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
