တောင်နဝင်းရေလှောင်တမံအခြေအနေ လုံခြုံစိတ်ချရေးကို အစွမ်းကုန်လုပ်ပေးရန်နှင့် မပြတ်စောင့်ကြည့်၍ ပြည်သူကို အသိပေးရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် မတ် ၁၅ ရက် နံနက် ၁၁ နာရီခန့်က ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းရေလှောင်တမံသို့ရောက်ရှိပြီး ပြင်ဆင်နေမှုအခြေအနေများကို ကြည့်ရှုခြင်း၊ ရှင်းလင်းမှုများကို နားထောင်၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းများကို မှာကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဓိကကတော့နော်။ ဒီနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အထိ လုံခြုံစိတ်ချမှုရှိတယ်ဆိုတာ ပြည်သူကို အသိပညာပေးဖို့လိုတယ်။ အဲဒီအတိုင်းလည်း ရှိဖို့လိုတယ်။ နောက်ပြီး သတိဆိုတာပိုတယ် မရှိဘူးနော်။ လုံခြုံရေးနဲ့ပတ်သက်လို့ အစွမ်းကုန်လုပ်ဖို့လိုတယ်။ ဒါကိုလည်း ပြည်သူကို အသိပေးဖို့လိုတယ်။ နောက်မပြတ်တစ်ခါတည်း စောင့်ကြည့်ဖို့ လိုတယ်” ဟု ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်မြို့လူထုတွေ့ဆုံပွဲတွင်လည်း ပေါက်ခေါင်းဒေသခံတစ်ဦးက ရေလှောင်တမံနှင့်ပတ်သက်သည့် မြို့ခံများ၏ စိုးရိမ်မှုအခြေအနေကို မေးမြန်းရာ ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြားမှုများပြုလုပ်ခဲ့ပြီး မတ်လပိုင်းအကုန်တွင် အပြီးသတ် ပြင်ဆင်မည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
အဆိုပါတောင်နဝင်းရေလှောင်တမံမှာ ငလျင်လှုပ်ခတ်မှုများကြောင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်ခန့်မှစ၍ တမံပေါင်မိုင်တိုင်အမှတ် ပေ ၆၀၀၀ နှင့် ၆၁၀၀ ကြားတွင် တမံမျက်နှာပြင် တစ်ပေခန့်နိမ့်ကျခြင်း၊ အက်ကွဲကြောင်းများဖြစ်ပေါ်ကာ ပညာရှင်များနှင့် စမ်းသပ်တိုင်းထွာခြင်း၊ ဘူမိဗေဒနည်းဖြင့် စမ်းသပ်ခြင်း၊ လွန်တွင်းတူးခြင်းများ ပြုလုပ်နေရပြီး စမ်းသပ်နေဆဲအချိန်တွင် တမံတာပေါင်အုတ်ရိုး ပိုမိုအက်လာကာ တမံမျက်နှာပြင်မှာလည်း ခြောက်လက်မခန့် ထပ်မံနိမ့်ကျကာ ဒေသခံ လူထုက ဆန္ဒထုတ်ဖော်ခဲ့ကြပြီး စိုးရိမ်စိတ်ကြောင့် ရေလွတ်ရာတောင်ကုန်းများသို့ ပြောင်းရွှေ့နေထိုင်ခဲ့သူ ဒေသခံ ၃၀၀ ခန့်ရှိကာ ပြည်ထောင်စုအဆင့်ရှိ ဌာနဆိုင်ရာအကြီးအကဲများ လာရောက်လေ့လာမှုများနှင့် လူမှုကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကြိုတင်ပညာပေးထားမှုများ လုပ်ကိုင်ခဲ့ပြီး နိုင်ငံတော်အဆင့်ပြင်ဆင်မှုများ အားကုန် ဆောင်ရွက်နေပြီး မတ်လကုန်တွင် အပြီးပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
