မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းရေး ဆန္ဒထုတ်ဖော်သဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်တရားစွဲဆိုခြင်းခံထားရသည့် ဒေသခံများက ပုသိမ်ကြီးမြို့နယ်တရားရုံးအား အယုံအကြည်မရှိဟုဆိုကာ သပိတ်မှောက်ဆန့်ကျင်ခဲ့ပြီးနောက် အဆိုပါမြို့နယ်တရားရုံးက ဒေသခံများအား ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တစ်နေ့တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းရေးဆန္ဒထုတ်ဖော်သဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် ဒေသခံဦးရွှေအုန်းပါ ငါးဦးကို တစ်မှု၊ ကိုကျော်ဇေယျပါလေးဦးကို တစ်မှုစီဖြင့် ၂၀၁၈ ခုနှစ်အတွင်းက သီးခြားအမှုဖွင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး အဆိုပါစွဲဆိုထားသည့် အမှုများကို ပုသိမ်ကြီးမြို့နယ်တရားရုံးက မတ် ၁၃ ရက်နှင့် ၁၅ ရက်က အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့ရာ ဒေသခံများက မြို့နယ်တရားရုံး၏ အမှုစီရင်ချက်များကို အယုံအကြည်မရှိဟုဆိုကာ တရားရုံးသို့ လာရောက်ခြင်းမရှိသဖြင့် မြို့နယ်တရားသူကြီးက ဒေသခံများအား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၈၇၊ ၈၈ ပြဋ္ဌာန်းချက်များအရ ဖမ်းဝရမ်းထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများဘက်မှ အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။
“ဒီနေ့ (မတ် ၁၅) ရုံးချိန်းမှာက အောင်သပြေကျေးရွာက ကိုကျော်ဇေယျပါလေးဦးအပေါ်မှာ ရဲမှူးမျိုးညွန့်သန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ စွဲဆိုထားတဲ့အမှုကို အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုထားတဲ့ရုံးချိန်းဖြစ်ပါတယ်။ အဲဒီလို အမိန့်ချဖို့ ချိန်းဆိုထားတဲ့ ရုံးချိန်းမှာ ဒေသခံတွေမလာဘူး။ သူတို့မလာနိုင်တဲ့အတွက် ဥပဒေနဲ့အညီ ခွင့်တင်ခဲ့ပါတယ်။ ကျွန်တော်တို့ ခွင့်တင်တဲ့နေရာမှာ တရားရုံးက ပယ်ချလိုက်တယ်။ ပယ်ချပြီးတော့ တရားခံတွေကို ဖမ်းဆီးမိန့်ထုတ်ပေးလိုက်တယ်။ အဲဒီထုတ်ပြန်လိုက်တဲ့ ဖမ်းဆီးမိန့်က တရားရုံးတွေမှာ ကျင့်သုံးရတဲ့ Guild Book ပုံစံ(၅)နဲ့အညီ ဖမ်းဆီးမိန့်ဆိုတဲ့ ဝရမ်းစာထုတ်ဆင့်လိုက်တယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ်ရုံးချိန်းကိုတော့ မတ် ၂၅ ရက်ကို ချိန်းဆိုထားတယ်။ နောက်တစ်မှုဖြစ်တဲ့ မတ် ၁၃ ရက်က အပြီးသတ်အမိန့်ချဖို့ ချိန်းဆိုခဲ့တဲ့ ဦးရွှေအုန်းပါ ငါးဦးအမှုမှာ ဒေသခံတွေ မလာရောက်တဲ့အတွက် တရားရုံးကို ခွင့်တင်တယ်။ ခွင့်တင်တာကို မြို့နယ်တရားရုံးက ပယ်ချခဲ့ပါတယ်။ အဲဒီလိုပယ်ချခဲ့ပြီးတော့ ဒီနေ့အမှုနဲ့အလားတူပါပဲ။ ဖမ်းဆီးမိန့် ဝရမ်းထုတ်ပြန်ထားပါတယ်။ အဲဒီအမှုနဲ့့ပတ်သက်ပြီး နောက်ရုံးချိန်းကတော့ မတ် ၂၁ ရက်ကို ချိန်းဆိုထားပါတယ်။ ဒီအမှုတွေမှာက ဒေသခံတွေက တရားရုံးကို လာရောက်အမှုရင်မဆိုင်တော့တဲ့အတွက် မြို့နယ်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်လိုက်တယ်။ အဲဒီလို ဖမ်းဝရမ်းထုတ်ဆင့်လိုက်တဲ့အတွက် ဒေသခံတွေကို တာဝန်ရှိတဲ့ပြည်သူ့ရဲတပ်ဖွဲ့တွေက သွားရောက်ဖမ်းဆီးခဲ့မယ်ဆိုရင် ရုန်းရင်းဆန်ခတ်တွေတော့ ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ နောက်ဆက်တွဲပြဿနာတွေလည်း ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ ယူဆပါတယ်” ဟု ဒေသခံများဘက်မှ အခမဲ့အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးစည်သူက ပြောကြားသည်။
အောင်သပြေကျေးရွာ ဒေသခံတောင်သူများအပေါ် စွဲဆိုထားသည့်အမှုများနှင့်ပတ်သက်၍ မတ် ၁၅ ရက်က ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် ရုံးချိန်းချိန်းဆိုရာ အဆိုပါငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် ကိုကျော်ဇေယျပါ လေးဦးကို အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့သော်လည်း အဆိုပါဒေသံလေးဦးက လာရောက်ခြင်းမရှိသဖြင့် ပုသိမ်ကြီးမြို့နယ်တရားရုံးက ရုံးချိန်းကို မတ် ၂၅ ရက်သို့ ချိန်းဆိုခဲ့ပြီး ဒေသခံလေးဦးအား ဖမ်းဝရမ်းထုတ်ခဲ့သည်။
အလားတူ မတ် ၁၃ ရက်က ဦးရွှေအုန်းပါ ငါးဦးကို ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အပြီးသတ်အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့သော်လည်း ဒေသခံများ မလာရောက်သဖြင့် မြို့နယ်တရားရုံးက မတ် ၂၁ ရက်သို့ ထပ်မံချိန်းဆိုကာ ဖမ်းဝရမ်းထုတ်ခဲ့သည်။
အဆိုပါ အောင်သပြေကျေးရွာဒေသခံများက အမှုလာရောက်ရင်မဆိုင်ရခြင်းမှာ ပုသိမ်ကြီးမြို့နယ်တရားရုံးသည် ဒေသခံများအပေါ် မျှတစွာ တရားစီရင်မှုမရှိဘဲ ဘက်လို်က်စီရင်ဆုံးဖြတ်နေမှုများကြောင့် အဆိုပါမြို့ နယ်တရားရုံး၌ စွဲဆိုထားသောအမှုများကို လာရောက်ရင်ဆိုင်မည်မဟုတ်ဘဲ တရားရုံးကို သပိတ်မှောက်ထားမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
မတ် ၁၅ ရက်က ပုသိမ်ကြီးမြို့နယ်တရားရုံး၌ ချိန်းဆိုထားသည့် အမှုရုံးချိန်းတွင် အောင်သပြေကျေးရွာ ဒေသခံအချို့လာရောက်ခဲ့ကြပြီး ပုသိမ်ကြီးမြို့နယ်တရားရုံးကို အယုံအကြည်မရှိကြောင်း မြို့နယ်တရားရုံးရှေ့တွင် အော်ဟစ်ပြောဆိုခဲ့ကြသည်။ အဆိုပါ မတ် ၁၅ ရက်က ရုံးချိန်းများတွင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ အမှုအား အပြီးသတ် အမိန့်ချမှတ်ရန် ချိန်းဆိုခဲ့သော်လည်း ဒေသခံများ မလာရောက်သဖြင့် ဖမ်းဝရမ်းထုတ် ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပြီး လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသည့် ဒေသခံသုံးဦးတို့ ရုံးထုတ်ခဲ့သည်။ အဆိုပါအမှုများကို ပုသိမ်ကြီးမြို့နယ် တရားရုံးက မတ် ၂၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
