အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ အမှုတွဲလေးခုဖြင့် ထားဝယ်မြို့မရဲစခန်း၌ အမှုဖွင့်ဖမ်းဆီးခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အပါအဝင် လေးဦးအနက် GGS ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ်မှာ သရက်ချောင်းမြို့ရှိ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ နေအိမ်ကို ဝယ်ယူခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မတ် ၁၅ ရက် ညနေ ၄ နာရီခန့်က ထားဝယ်မြို့နယ်တရားရုံး၌ ဖြောင့်ချက်ပေးခဲ့ကြောင်း သိရသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထားဝယ်မြို့မရဲစခန်း၌ ဖွင့်ထားသည့် အမှုလေးခုအနက် (ပ)၇၆၇/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/ ၆၃ ဖြင့် စွပ်စွဲခံရသည့် GGS ကုမ္ပဏီမှ ဒါရိုက်တာဦးအောင်မြတ်အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၄၊ ၃၆၄ အရ ဖြောင့်ချက်ရယူပေးပါရန် တင်ပို့လာသည့်အတွက် တရားရုံးက ဥပဒေနှင့်အညီ ဆောင်ရွက်ထားကြောင်း၊ ဦးအောင်မြတ်က ဖြောင့်ချက်ပေးလိုကြောင်း တင်ပြလာသည့်ကိစ္စမှာ သရက်ချောင်းမြို့ရှိ ဦးထွန်းမင်း (ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်း) ပိုင်ဆိုင်သည့်နေအိမ်နှင့် ခြံမြေအရောင်းအဝယ် ပြုလုပ်သည့် ကိစ္စနှင့်ပတ်သက်၍ ဖြောင့်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောကြားသည်။
ထားဝယ်မြို့နယ် တရားရုံးသို့ ဖြောင့်ချက်ပေးရန် GGS ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ်အား ခေါ်ဆောင်လာရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ကားဖြင့် ရုံးထုတ်လာခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က လုံခြုံရေးရယူပေးခဲ့ကြောင်း၊ တရားရုံး၌ မိနစ် ၄၀ ခန့် ဖြောင့်ချက်ပေးခဲ့ပြီးနောက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ထားဝယ်မြို့နယ်တရားရုံးမှ ထားဝယ်အကျဉ်းထောင်သို ့ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့မွန်းလွဲပိုင်းကလည်း အဂတိလိုက်စားမှှု တိုက်ဖျက်ရေးကော်မရှင်က ထားဝယ်မြို့မရဲစခန်း၌ (ပ)၇၆၆/၂၀၁၉ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/၆၃အရ ဦးသန်းဇော်ဝင်းက တရားလိုပြုလုပ်တိုင်တန်းခဲ့သည့်အမှှုမှ GGS ကုမ္ပဏီ MDဦးသိန်းထွေး နှင့် GGS ကုမ္ပဏီမှ ဦးသူရအုံတို့ကို ရန်ကုန်မြို့မှ လေယာဉ်ဖြင့်ခေါ်ဆောင်လာကာ့ထားဝယ်မြို့နယ်တရားရုံး၌ ချုပ်မိန့်ရမန်ရယူခဲ့ပြီး ယင်းအမှှုတွဲတွင်ပါဝင်သည့် စွပ်စွဲခံရသူ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ ၄ ဦးကိုပါ ချုပ်မိန့်ရမန်ရယူခဲ့ကြောင်း၊
ချုပ်မိန့် ရမန်ရယူခဲ့သည့်အမှှုတွင် သရက်ချောင်းမြို့နယ်မြို့မရပ်ကွက် မြိတ်-ထားဝယ်ကားလမ်း အမှတ်(၆၂)ရှိ နှစ်ထပ်နေအိမ်ကို ၂၀၁၆ ခုနှစ် ၊ အောက်တိုဘာ ၄ ရက် နေ့တွင် ဒေါက်တာလဲ့လဲ့မော်၏ ခင်ပွန်းဖြစ်သူ ဦးထွန်းမင်းသည် GGS ကုမ္ပဏီလီမိတက်သို့လျှပ်စစ်ပစ္စည်းများ ပေးသွင်းနေသူ ဦးသူရအုံအား ကျပ်သိန်း၂၀၀၀ ဖြင့် ရောင်းချခဲ့ခြင်း၊၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာ ၂၇ ရက်တွင် နေပြည်တော်ရှိ တနသာၤရီတိုင်းဒေသကြီး ဧည့်ရိပ်သာ ၂ ထပ်ပင်မ အဆောက်အဦး(၈၄ပေ×၂၄ပေ) လေးခန်းတွဲဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းလုပ်ငန်းကို ခွင့်ပြုရန်ပုံငွေ ကျပ် ၂၅၃၅ သိန်းဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ပုလော မြို့တော်ခန်းမ တည်ဆောက်ခြင်းကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ကျပ်သိန်း ၅၈၀ ဖြင့်လည်းကောင်း ရယူခံစားခဲ့ခြင်း၊ သရက်ချောင်း ငါးလေလံဈေး စီမံကိန်းကို လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် မရမီ မြေရှင်းလင်းခြင်း၊ လမ်းဖောက်လုပ်ခြင်းနှင့် အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများအား ဝန်ကြီးချုပ်၏ ခွင့်ပြုချက်ဖြင့် ကြိုတင်ဆောင်ရွက်ခဲ့ပြီး၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာ ၁၄ ရက်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုလယ်/စီသို့လုပ်ငန်းကြိုတင် ခွင့်ပြု ရယူခဲ့ခြင်း၊ နေပြည်တော်ရှိ တနသာၤရီတိုင်းဒေသကြီး ဧည့်ရိပ်သာ၂ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း၊ ပုလော မြို့တော်ခန်းမ ဆောက်လုပ်ခြင်း၊ သရက်ချောင်း ငါးလေလံဈေးစီမံကိန်းနှင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို GGSကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ်အား လုပ်ကိုင်ခွင့်ပြုခဲ့သည့်ကိစ္စတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ကာလ တန်ဖိုး စီစစ်သတ်မှတ်ရေးအဖွဲ့၏ ခန့်မှန်းတွက်ချက်မှှုများအရ မြေတန်ဖိုးကျပ် ၅၅ သိန်းနှင့် အိမ်ခန့်မှန်း တန်ဖိုးကျပ် ၂၆၆.၄သိန်း စုစုပေါင်းကျပ် ၃၂၁.၄ သိန်းခန့်အား တန်ဖိုးရှိသည့်နေအိမ်နှင့် ဝိုင်းမြေကို ကျပ်သိန်း၂၀၀၀ ဖြင့်ရောင်းချခဲ့ပြီး အထက်ပါလုပ်ငန်းများကိုလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ နေအိမ်ကိုဝယ်ယူသူ ဦးသူရအုံသည် GGS ကုမ္ပဏီနှင့်အကျိုးစီးပွား ဆက်စပ်ဆောင်ရွက်နေသူဖြစ်ပြီး ကုမ္ပဏီ၏ အထွေထွေမန်နေဂျာဖြစ်ကြောင်း၊ ဒါရိုက်တာအဖွဲ့ဝင်မှာ ဦးအောင်မြတ်ဖြစ်သဖြင့် GGS ကုမ္ပဏီမှ တာဝန်ရှိသူဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့သည်ငွေကျပ် ၃၂၁.၄ သိန်းခန့်အား တန်ဖိုးရှိသည့်အိမ်ဝိုင်းမြေကွက်အား ကျပ်သိန်း၂၀၀၀ဖြင့် မတန်တဆဈေးပေးဝယ်ယူပြီး အကျိုးအမြတ်ရရှိမည့် လုပ်ငန်းလုပ်ပိုင်ခွင့်များအား ရယူခံစားခဲ့ကြောင်း တိုင်ကြားချက်အပေါ် စုံစမ်းစစ်ဆေးရာမှ တရားစွဲဆိုခဲ့သောအမှှု ဖြစ်ကြောင်း ထားဝယ် မြို့နယ်တရားသူကြီး ဦးကျော်မြင့်၏ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထားဝယ်မြို့မရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှုလေးမှုရှိပြီး (ပ) ၇၆၆ /၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/ ၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်နှင့် ဦးသူရအုံတို့အားလည်းကောင်း၊ (ပ) ၇၆၇/ ၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅/ ၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာဦးအောင်မြတ်တို့အားလည်းကောင်း၊ (ပ)၇၆၈/ ၂၀၁၉ နှင့် (ပ)၇၆၉/ ၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ဖြင့် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကိုလည်းကောင်း အသီးသီးအမှုဖွင့်ထားပြီး ဒေါက်တာလဲ့လဲ့မော်နှင့်GGS ဒါရိုက်တာဦးအောင်မြတ်ကို မတ်လ ၁၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ GGS ကုမ္ပဏီ MD ဦးသိန်းထွေးနှင့် အထွေထွေမန်နေဂျာဦးသူရအုံတို့ကို မတ်လ ၁၃ ရက်နေ့မှ ၂၂ ရက်နေ့အထိ ထားဝယ်မြို့နယ်တရားရုံး၌ချုပ်မိန့်ရမန်ရယူထားပြီး ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထားကြောင်းသိရသည်။
GGS ကုမ္ပဏီဒါရိုက်တာ ဦးအောင်မြတ်အား ယခင်က ရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
