ခွင့်ပြုမဲ့ကာလကြာ မြေတူးကျောက်ဖော်၍ ပျက်စီးယိုယွင်းနေသော မော်လမြိုင်အထင်ကရ သမိုင်းဝင်တောင်ဝိုင်းအရှေ့ (ကျိုက်မရောမြို့နယ်ပိုင်) သဘာဝပတ်ဝန်းကျင်ကို လာမည့် မိုးကာလတွင် ပြန်လည်ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။
“တူးထားတဲ့နေရာ ကားတွေသွားလို့ မရအောင် တိုင်ထောင်ပြီး ပိတ်ထားတယ်၊ သတိပေးဆိုင်းဘုတ်ကို မစိုက်ရသေးဘူး။ စိုက်ဖို့ရှိတယ်၊ ဗာတီဘာမြက်၊ နတ်မြားပင်တို့ ကြီးမြန်ပင်စိုက်ဖို့၊ နှုန်းစစ်ကန်တွေကို အခုလာမည့်မိုးရာသီမှာ လုပ်ဖို့ပြောထားပါတယ်၊ အရေးမယူခင်ကတည်းက ပြန်ပိတ်ပေးဖို့ စာလည်းထုတ်ထားပါတယ်” ဟု ကျိုက်မရောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် ဒေါ်နွယ်နွယ်အောင် (မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် - ၂)က သမိုင်းဝင်တောင်ဖြစ်သော တောင်ဝိုင်းတောင် (ခ) နာဂဝီသတောင်တန်း၏ အရှေ့ဘက်ခြမ်း(ကျိုက်မရောမြို့နယ်ပိုင်)တွင် စီးပွားရေးသမားများက တောင်ကိုခါးလယ်မှဖြိုချပြီး ကျောက်၊ မြေကြီးများ ထုတ်ယူရောင်းစားခြင်းကြောင့် ပျက်စီးမှုကြုံတွေ့နေရခြင်းအပေါ် တောင်ကမ်းပါးယံများတွင် ဗာဆီဘာမြက်၊ နတ်မြားပင်၊ ကြီးမြန်သစ်ပင်စိုက်ခြင်း၊ မိုးရေတိုက်စား၍ တောင်အောက်ချောင်းမြောင်းများ ညစ်ညမ်းမှုမဖြစ်ရန် နုန်းစစ်/တားကန်ပြုလုပ်ခြင်း၊ ရေဝေရေလဲအစားထိုးစိုက်ခင်းများ တည်ထောင်ခြင်း၊ အသိပညာပေးခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်း၊ ဥပဒေအရ တားမြစ်ခြင်း၊ တရားဝင်ထုတ်လုပ်မှုလိုင်စင် ပိတ်သိမ်းခြင်း၊ တရားမဝင်ထုတ်လုပ်သူကို တားဆီးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ၏ ဖြေကြားချက်ကို ဖေဖော်ဝါရီ ၂၈ ရက်က ကိုယ်စားဖြေကြားခဲ့သည်။
ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန)က လက်ရှိဖြစ်ပွားသော ကျိုက်မရောမြို့နယ်နေရာသည် သစ်တောဦးစီးဌာနပိုင်မဟုတ်သည့်အတွက် အထွေတွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ပိုင်ခွင့်မြေနေရာဖြစ်ကြောင်း၊ မိမိတို့သစ်တောပိုင် မြေတွင်ကျောက်မိုင်း၊ သတ္တုတူးပါက EMP သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်တွင် ပြန်လည်ပိတ်သိမ်းပါက လုပ်ဆောင်ပေးရမည့် လုပ်ငန်းအတွက် စာချုပ်ပါဝင်ပြီး အာမခံအတွက် ဘဏ်တွင်ငွေသွင်းထားရကြောင်း ပြောကြားသည်။
“ယခုအချိန်ထိ ကတိကဝတ်နဲ့အညီ ဘာမှလုပ်ထားတာ မတွေ့ရသေးပါ။ လွှတ်တော်ဥပဒေနည်းဥပဒေများနဲ့အညီ ဆောင်ရွက်သွားပါမည်။ အဓိကတာဝန်ရှိသူမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတာဝန်ယူထားသည့် အစိုးရအဖွဲ့တွင် တာဝန်အရှိဆုံးဖြစ်သည်” ဟု ဒေါ်နွယ်နွယ်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် -၂)က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
