ရန်ကုန်- မကွေး- ရန်ကုန် ခရီးစဉ်သည် ခရီးသည်ရရှိမှု နည်းပါးနိုင်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြမှုအရ မြန်မာအမျိုးသားလေကြောင်းလိုင်းက တစ်ပတ်နှစ်ကြိမ်ပျံသန်းရန် စီစဉ်နေကြောင်း သတင်းရရှိသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မကွေးလေဆိပ်သို့ တစ်ပတ်လျှင် နှစ်ကြိမ် တင်္နလာနှင့် သောကြာနေ့များတွင် လေယာဉ်ခရီးစဉ် ပြေးဆွဲပေးနိုင်ရန် တင်ပြခဲ့ကြောင်း သိရသည်။ ယင်းသို့ တင်ပြမှုကြောင့် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေဖြင့် အဆိုပါရန်ကုန်- မကွေး- ရန်ကုန် ခရီးစဉ်သည် ခရီးသည်ရရှိမှု နည်းပါးနိုင်ပြီး ကုန်ကျစရိတ်နှင့် ဝင်ငွေရရှိမှု မကာမိနိုင်သော်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ပြမှုအရ ၂၀၁၉၊ ဧပြီလကုန်မှစတင်ကာ အပတ်စဉ် အင်္ဂါနေ့တိုင်း Caravan အမျိုးအစား လေယာဉ်ဖြင့် ရန်ကုန်- မကွေးခရီးစဉ်ကို နံနက် ၈ နာရီမှ ၉ နာရီ မိနစ် ၃၀ အထိ လည်းကောင်း၊ မကွေး - ရန်ကုန်ခရီးစဉ်ကို နံနက် ၁၀ နာရီမှ ၁၁ နာရီ မိနစ် ၃၀ အထိလည်းကောင်း စတင်စမ်းသပ်ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။
“တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ တင်ပြမှုကြောင့် ရန်ကုန်- မကွေးခရီးစဉ်ကို ၂၀၁၉ ဧပြီလကုန်မှာ Caravan အမျိုးအစား လေယာဉ်နဲ့ ခရီးစဉ်ပြေးဆွဲဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ MD ဦးသန်းထွန်းက ပြောကြားသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်းသည် လက်ရှိတွင် ပြည်ပနိုင်ငံများဖြစ်သည့် ဟောင်ကောင်၊ စင်ကာပူ၊ ဘန်ကောက်နှင့် ချင်းမိုင်မြို့များသို့ ပျံသန်းနေပြီး ပြည်တွင်းခရီးစဉ်အနေဖြင့် မြို့ပေါင်း ၂၈ မြို့ကို ပျံ သန်းနေကြောင်း သိရသည်။ ယင်းပြင် တရုတ်နိုင်ငံ ချန်ဒူးမြို့နှင့် ဝူဟမ်မြို့များသို့ လေကြောင်းခရီးစဉ်များ စတင်ပျံသန်းရန် စီစဉ်နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ရက်တွင် ရန်ကုန်- ချန်ဒူးခရီးစဉ်အား စတင်ပျံသန်းခြင်းဖြစ်သည်။
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၌ ATR 72 - 600 အမျိုးအစား ခြောက်စီးရှိပြီး ယခုရောက်ရှိသည့် ATR 72 – 600 လေယာဉ်သည် နောက်ဆုံးပေါ်အမျိုးအစား လေယာဉ်သစ်ဖြစ်သည်။
မြန်မာအမျိုးသား လေကြောင်းလိုင်းသည် ATR လေယာဉ်ကုမ္ပဏီမှ အကြီးစားပြင်ဆင်စက်ရုံဖွင့်လှစ်ကာ စတင်ဆောင်ရွက်ခဲ့ပြီး ATR ကုမ္ပဏီမှ ATR 72 – 600 လေယာဉ်အသစ် ခြောက်စင်းဝယ်ယူသည့်အတွက် (EASA) အသိအမှတ်ပြု အကြီးစားအလုပ်ရုံ ထူထောင်ခြင်းကို ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၅နှစ်ဆန်းမှ စတင်အကောင်အထည်ဖော်ခဲ့ကာ သုံးနှစ်ခန့်အကြာတွင် ယခုကဲ့သို့ အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအလုပ်ရုံအားဖွင့်လှစ်ပြီးနောက် မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR 72 – 500 လေယာဉ်အမှတ် XY- AJN အား 8 Years Check စစ်ဆေးမှုအား ပထမဆုံးပြုလုပ်ခဲ့ပြီးဖြစ်သည်။
ပို့ဆောင်ရေးကဏ္ဍတစ်ခုဖြစ်သည့် လေကြောင်းကဏ္ဍတွင် သိသာထင်ရှားသည့် ဆောင်ရွက်မှုအနေဖြင့် ATR လေယာဉ်အကြီးစားပြုပြင်ရေးအား ဆောင်ရွက်မည့် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဌာနသည် ၂၀၁၆ ခုနှစ် ဧပြီ ၂၁ ရက်မှ ဇွန် ၁၉ အထိ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် ATR 72 – 500 လေယာဉ်အမှတ် XY- AJN ၏ 8 Years Check စစ်ဆေးမှုအား ATR လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီမှ အင်ဂျင်နီယာများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
