မြန်မာနိုင်ငံပြည်တွင်းကို ဗဟိုပြု၍ အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်ရှိ မြေငလျင်များ သုံးရက်ဆက်တိုက် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
၂၀၁၉ ခုနှစ် မတ် ၁၂ ရက် ၁၃ ရက်နှင့် ၁၄ ရက်များတွင် ယင်းသို့ ငလျင်ငယ်များ ဆက်တိုက်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။ မတ် ၁၄ ရက် မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၄၇ မိနစ်၊ ၃၃ စက္ကန့်တွင် မြစ်ကြီးနားမြေငလျင် စခန်းမှ အနောက်မြောက်ဘက်မိုင် ၅၀ ခန့် အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် မတ် ၁၃ ရက် မြန်မာစံတော်ချိန် ၂၀ နာရီ ၁၄ မိနစ် ၄ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၆ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ကလေးမြို့၏ အနောက်တောင်ဘက် ၁၁ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာ စကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားခဲ့သည်။
ယင်းပြင် မတ် ၁၂ရက် မြန်မာစံတော်ချိန် ၀၃ နာရီ ၄၉ မိနစ်ခန့်က တောင်ငူမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၄၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်တောင်ဘက် ၂၂ မိုင်ခန့်အကွာ အနက် ၁ဝကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
