တရုတ်သံအမတ်ကြီး တောင်းဆိုမှုအရ Myanmar China Business Association ဖွဲ့စည်းထားပြီး တာဝန်ယူ၊ တာဝန်ခံမှုနှင့် ကျင့်ဝတ်ညီသော တရုတ်လုပ်ငန်းများ ဖြစ်လာရေးအတွက် အဆိုပါအဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ကြိုးစားနေသည်ဟု သိရကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက မတ် ၁၅ ရက်တွင် ပြောကြားသည်။
“နိုင်ငံအလိုက် စီးပွားရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့အခါမှာ တ ရုတ်နိုင်ငံဘက်က လုပ်ငန်းရှင်တွေက တော်တော်လေး လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး တရုတ်သံအမတ်ကြီးကိုယ်တိုင် လာရောက်တွေ့ဆုံပြီးတော့ Myanmar China Business Council ဖွဲ့ချင်တယ် ပြောပါတယ်။ သို့သော်လည်း ကောင်စီ စကားလုံးက သူတို့ဥပဒေကြောင်းအရ သုံးလို့မရလို့ Association အနေနဲ့ပဲဖွဲ့ဖို့ဆိုပြီးတော့ Myanmar China Business Council အစား Myanmar China Business Assoication ဆိုပြီး မှတ်ပုံတင်ထားပြီးဖြစ်ပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ဘက်က တရုတ်ဘက်က တကယ်လုပ်နေကြတဲ့ လုပ်ငန်းရှင်ကြီးတွေ တကယ်လုပ်ချင်ကိုင်ချင်စိတ် ရှိတဲ့သူတွေပါဝင်ဖွဲ့ဖို့အတွက် စာရင်းပြုစုနေပြီး သူတို့ကလည်း တကယ်လုပ်နိုင်ပြီး Responsible ရှိတဲ့ Ethical ရှိတဲ့ Businessmen တွေပါဖို့ အရေး ကြီးပါတယ်။ ကျွန်တော်တို့မှာ အခက်အခဲတစ်ခုက ဘာလဲဆိုရင် ကျွန်တော်တို့ဆီက ထောက်ခံချက်ယူပြီးတော့ တချို့ဆို သူတို့ဘာသာသူတို့ Association တွေ ဖွဲ့တယ်။ အဲဒီ Association တွေ၊ ကုမ္ပဏီတွေကို သံရုံးမေးတဲ့အခါမှာ ဘယ်သူမှ မသိဘူး။ ဘယ် လောက် Responsible ရှိလဲ။ ဘယ်လောက်အထိ Ethical ရှိလဲ မသိတဲ့အခါမျိုးမို့လို့ နောက်ပိုင်းမှာ တရုတ်နိုင်ငံဘက်ကလာပြီး ရင်း နှီးမြှုပ်နှံတဲ့ အခါမှာ ပိုပြီးတော့စနစ်ကျတဲ့ဟာမျိုးဖြစ်ဖို့ Association မှာပိုပြီး အားထည့်ပြီးတော့ မြန်မာနိုင်ငံမှာလာပြီး ရင်းနှီးမြှုပ်နှံတဲ့ တရုတ်ကိုယ်စားလှယ်များလုပ်ငန်းရှင်များအနေနဲ့ ဒီအဖွဲ့နဲ့ချိတ်ဆက်ပြီးတော့ သံရုံးကလည်း ဆောင်ရွက်သွားမယ်လို့ အစီအစဉ်တွေရှိတဲ့အတွက် နောက်ပိုင်းမှာဝင်ရောက်လာမယ့် တရုတ်လုပ်ငန်းရှင်တွေဘက်က စနစ်တကျဖြစ်လာဖို့အတွက် ကြိုးစားနေတဲ့အနေအ ထားဖြစ်ပါတယ်” ဟု ဦးဇော်မင်းဝင်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများမှာ အများဆုံးဖြစ်နေပြီး ထိုသို့ မြှုပ်နှံရာတွင် စီမံကိန်းပတ်ဝန်းကျင်မှ ပြည်သူများ၏ နစ်နာမှုများကြောင့် ဝေဖန်ခံရမှုများနှင့် စီမံကိန်းအပေါ် ကန့်ကွက်မှုများ ဖြစ်ပေါ်နေ သည်။ ထိုသို့ ဖြစ်ပေါ်နေသော်လည်း လက်ရှိအချိန်တွင်တရုတ်နိုင်ငံ၏ BRI (Belt and Road Initiative) တွင် မြန်မာနိုင်ငံက ပါဝင်မည်ဖြစ်သောကြောင့် တရုတ်စီမံကိန်းများ နှင့် လုပ်ငန်းအများအပြား ဝင်ရောက်လာဖွယ်ရှိနေသည်။ အဆိုပါ BRI နှင့်ပတ်သက်ပြီး UMFCCI နှင့် NLD စီးပွားရေးကော်မ တီတို့ မတ် ၁၅ ရက်တွင်ပင် တွေ့ဆုံဆွေးနွေးပြီး BRI ၏ ကောင်းခြင်းဆိုးခြင်းများအပေါ် တင်ပြရန်ရှိကြောင်း ဦးဇော်မင်းဝင်းကပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
