ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်း အသစ်ကပ်လှူခြင်း ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးကာ ဧပြီလကုန်တွင် လုပ်ငန်းပြီးစီးရန် ခန့်မှန်းထားကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က မတ် ၁၄ ရက်တွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ၌ ဂေါပကအဖွဲ့ဝင် ဦးအောင်မြတ်က ပြောကြားသည်။
ရွှေစင်ရွှေပြား ကပ်လှူရာတွင် အရည်အသွေးကို ဦးစားပေး၍ ဆောင်ရွက်သဖြင့် အချိန်ယူခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းပြီးစီးမှုမှာ ၇၅ ရာခိုင်နှုန်းထက်လည်း ကျော်လွန်ကာ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဂေါပကအဖွဲ့မှ လုပ်ငန်းဌာန (၁) တာဝန်ခံ ဂေါပက ဦးအောင်မြတ်က “အရည်အသွေးလိုက်တဲ့ အခါကျတော့ အချိန်ကို နည်းနည်းလေးငဲ့ပေးရတယ်။ မှန်းထားတာတော့ လာမယ့် ဧပြီလထဲမှာတော့ မဖြစ်မနေ ပြီးအောင် လုပ်ပါမယ်။ မိုးကျအထိကို မရောက်ဘူး။ သို့သော် ပြီးတဲ့ Target Date ကို ပြောပါဆိုရင် ဧပြီ ၂၀ ရက်လောက်ဆိုရင် ကျွန်တော်တို့ ရွှေစင်ရွှေပြား ဆက်ကပ် လှူဒါန်းခြင်းလုပ်ငန်း အဲဒီလောက်မှာပြီးဖို့ ရည်မှန်းထားပါတယ်။ တစ်ဆူလုံးရဲ့ ရာခိုင်နှုန်းကတော့ ၇၅ ရာခိုင်နှုန်း မကတော့ပါဘူး” ဟု ပြောကြားသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေစင် ရွှေပြား သင်္ကန်းကပ်လှူရာတွင် မျက်ပါးရွှေ၊ Gold Coating နှင့် Gold Plate ဟူ၍ အမျိုးအစား သုံးခုဖြင့် ကပ်လှူခြင်းဖြစ်ပြီး အပိုင်းလိုက် လုပ်ငန်းခွဲကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။
လုပ်ငန်းဌာန (၁) တာဝန်ခံ ဂေါပက ဦးအောင်မြတ်က “ကျွန်တော်တို့ အောက်ကနေ စတက်ရင် တစ်ကနေ လိုင်းသုံးဆယ်ထိ ရွှေမျက်ပါး ကပ်တဲ့ဧရိယာပါ။ ရွှေမျက်ပါးကတော့ ရာခိုင်နှုန်းအားဖြင့် ၅၅ ရာခိုင်နှုန်း ပြီးပါပြီ။ အားလုံးပြီးစီးအောင် ခန့်မှန်းတာက ၃၁ ရက် မတ်လဖြစ်ပါတယ်။ ဒါက ရွှေမျက်ပါး ဖြစ်ပါတယ်” ဟု မီဒီယာများအား ပြောကြားသည်။
ထို့ပြင် စေတီတော်၏ ကြာမှောက်ကြာလှန် ဧရိယာမှ မည်းနေသော Gold Coating ပြား စုစုပေါင်း ၃၉၂၁ ချပ်ကို ခွာယူပြီး စစ်ဆေးနေကြောင်း၊ ယင်းနေရာတွင် Gold Coating ရွှေစင်ပြားအသစ်များ အပြည့်ကပ် လှူပူဇော်နေပြီး ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ ကျန် ၄၀ ရာခိုင်နှုန်းကို ဧပြီလကုန် မိုးမကျခင် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဌာန (၁) တာဝန်ခံဂေါပက ဦးအောင်မြတ်က “ကျွန်တော်တို့က အခုချိန်ခါမှာ တိုက်ရိုက် တာဝန်ပေးတဲ့ ဝန်ကြီးဌာနအနေနဲ့ကတော့ အဓိကက အရည်အသွေးပါ။ အချိန်ကို ငဲ့ပြီးတော့ ဖြစ်သလို မလုပ်ပါနဲ့။ ဘယ်နေ့ဘယ်ရက် ငြမ်းဖျက်ပါလို့။ ငြမ်းကတော့ ခါတိုင်းက ဒီမှာ ဘုရားပွဲလုပ်ရင် ငြမ်းဖျက်နိုင်အောင် ကြိုးစားတယ်။ အခုက ငှက်ပျောဖူးရွှေ Coating လုပ်ငန်းလေးတွေကလည်း တကယ်တမ်း ဒီလုပ်ငန်းနည်းနည်းလေး များတာပေ့ါ။ အဓိက ကတော့ ဒါပေါ့။ ဒီလုပ်ငန်းလေး ရှိတာရယ်၊ ကျန်တဲ့ လုပ်ငန်းတွေကိုလည်း စိတ်ချလက်ချ ဖြစ်အောင်ရယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ၎င်းက မူလရည်မှန်းထားရာတွင် Gold Coating ရွှေစင်ပြား တစ်သောင်း ငါးထောင် ထုတ်လုပ်ရန် ရည်မှန်းထားပြီး ရည်မှန်းချက် ပြည့်သွားပြီဖြစ်ကြောင်း လိုအပ်သည့် နေရာများအတွက် တစ်သောင်း ခြောက်ထောင်ထိ ဆက်လက် ထုတ်လုပ်နေကြောင်း သိရသည်။
ထို့ပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး ကိုယ်လုံးတော် ကြံ့ခိုင်ရေး၊ ထီးတော်ကြံ့ခိုင်ရေးအတွက်လည်း စစ်ဆေးမှုများ တစ်ဆက်တည်း ဆောင်ရွက်လျက်ရှိပြီး စစ်ဆေးမှု ရလဒ်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ အကြမ်းဖျင်းအားဖြင့် ကိုယ်လုံးတော်ကြံ့ခိုင်မှု ရှိကြောင်း သိရသည်။
“ကိုယ်လုံးတော် ကြံ့ခိုင်ရေးကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းဥက္ကဋ္ဌ အနေနဲ့ အဖွဲ့အနေနဲ့ သူတို့ဆောင်ရွက်လျက် ရှိပါတယ်။ အချိန်တန်ရင်တော့ ရလဒ်ပေးပါမယ်။ အခုကတော့ အကြမ်းဖျင်း ကျွန်တော်တို့သိတာကတော့ ကိုယ်လုံးတော်ကြံ့ခိုင်မှု ရှိပါတယ်။ ကောင်းပါတယ်” လုပ်ငန်းဌာန(၁) တာဝန်ခံဂေါပက ဦးအောင်မြတ်က ပြောကြားသည်။
စေတီတော်၏ ထီးတော်ကြံ့ခိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ကော်မတီဖြင့် မိမိတို့ စစ်ဆေးဆာင်ရွက်နေကြောင်း၊ စေတီတော်တွင် ငြမ်းဆင်ထားခြင်းကြောင့် တစ်ဆက်တည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးအောင်မြတ်က ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
