အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီကို မတ် ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်း အစိုးရက ထုတ်ပြန်ကြေညာသည်။
ယင်းကော်မတီတွင် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် လည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် လည်းကောင်း တာဝန်ယူထားသည်။ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီလှငယ်၊ ဒုတိယ ရဲချုပ် အောင်နိုင်သူ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ၊ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် အမည်ဖော်ပြထားခြင်း မရှိသည့် ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ အတွင်းရေးမှူးအဖြစ် ဥက္ကဋ္ဌက တာဝန်ပေးအပ်သူတစ်ဦးတို့ ပါဝင်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။
ယင်းသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ကြေညာစာနှင့် ပတ်သက်၍ ကော်မတီတွင် ပါဝင်ရမည့် အကြောင်းအား လက်ရှိအချိန်အထိ မသိရှိသေးကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက သူမ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
Facebook ပေါ်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဖွဲ့စည်းကြောင်း တွေ့ရှိရပါသည်။ ၎င်းအဖွဲ့တွင် မိမိ ဒေါ်ထုမေ အမည်ဖြင့် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်နေကြောင်း တွေ့ရှိရပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ မိမိသဘောထားအား မည်သူမျှမေးမြန်းခဲ့ခြင်း မရှိခဲ့ပါ။ ၎င်းကော်မီတီနှင့် ပတ်သတ်၍ မိမိအနေဖြင့် တစ်ခုမှ မသိရှိရသေးပါကြောင်းဟု ဒေါ်ထုမေ က မတ် ၁၄ ရက် ည ၁၀ နာရီခန့်က ရေးသားထားသည်ကို တွေ့ရသည်။
အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်မှာ သုံးရပ်ရှိပြီး ကော်မတီ အသုံးစရိတ်များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အကုန်အကျခံရမည် ဖြစ်သည်။
ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို လစဉ်ပုံမှန် တင်ပြရမည်ဖြစ်ပြီး အရေးကြီးဆောင်ရွက်ရန် လိုအပ်ပါက နိုင်ငံတော်သမ္မတရုံးသို့ တင်ပြရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကော်မတီ၏ လုပ်ငန်းတာဝန် သုံးရပ်မှာ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ပြည်နယ်သို့ ကွင်းဆင်းလေ့လာခြင်း၊ တွေ့သင့် တွေ့ထိုက်သူများနှင့် တွေ့ဆုံခြင်း၊ အစိုးရ၏ မူဝါဒများအား ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းခြင်း၊ လိုအပ်သည့် အကြံဉာဏ်များ ရယူခြင်း စသည့် တို့ကို ဆောင်ရွက်ကာ ရေတိုရေရှည် ဆောင်ရွက်သင့်သည်များကို အကြံပြုသင်ပြရန်၊ ပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်နှင့် ပြည်သူများအကြား လိုအပ်သည့် စေ့စပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ သဟဇာတရှိရေးအတွက် စီမံကိန်းများ၊ ရှေ့ပြေး လုပ်ငန်းစဉ်များ၊ ဆွေးနွေးပွဲများ စသည်တို့ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြကာ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ရန်တို့ ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
