ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် ရေဘေးရှောင်စခန်း ၄၈ ခုဖွင့်ထားပြီး လက်ရှိတွင် မြို့အနီးရှိ ရွာများ၌ ရေနစ်မြုပ်နေဆဲ ဖြစ်ကြောင်း ရေဘေးရှောင်စခန်း တာဝန်ခံဖြစ်သည့် မြို့ခံတစ်ဦးက ပေါ်ပြူလာနယူးကို ပြောသည်။
“ဒီနေ့ တော့ ရေက ကျနေပြီ။ မြို့ပေါ်က အဲလောက်မဟုတ်ပေမယ့် ရွာတွေမှာ အခုထိ မြုပ်တုန်း၊ ဒါပြီးသွားရင်တောင် ပြန်လုပ်ကိုင်ဖို့က ပဲကွက်တွေလည်း ပျက်ကုန်ပြီ၊ မလုပ်
တတ်တော့ဘူး” ဟု ဒိုးတန်းရွာဘက်မှ ရေဘေးရှောင်နေရသူ အမျိုးသားတစ်ဦးက ပေါ်ပြူလာနယူးကို ဆိုသည်။
လက်ရှိတွင် တောင်ငူမြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများ၌ ရေဘေးရှောင်ရသူများကို နေရာချပေးထားကာ ယာယီရွှေ့ပြောင်းနေရသူ သောင်းကျော်ရှိနိုင်ကြောင်း ဆုတောင်းပြည့် ညောင်ဝိုင်းဘုရားကြီး ရေဘေးရှောင်စခန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။
ထို့အပြင် ရေနစ်မြုပ်နေသည့် ရွာများ၌ ရေစီးသန်နေသောကြောင့် ကယ်ဆယ်ရေးများ ခက်နေကြောင်း သိရပြီး ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့က ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကားပေါ်က ကျကာ ရေစီးနှင့် မျောပါ ေ-သဆုံးခြင်းလည်း ရှိခဲ့သည်ဟု သိရသည်။
မိုး/ဇလ၏ ထုတ်ပြန်ချက်အရ စစ်တောင်းမြစ်ရေသည် လက်ရှိတွင် တောင်ငူမြို့၌ စိုးရိမ်ရေမှတ်အထက် ၅ ပေတွင်ရှိနေသေးကာ နောက်တစ်ရက်အတွင်း ၁ ပေ ခွဲခန့် ထပ်ကျမည်ဖြစ်ကြောင်း သိရသည်။








-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
