နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက အပျက်အစီးများသည့် ရေလွှမ်းမိုးမှုဖြစ်စဉ်အတွင်း အကျဉ်းထောင် နံရံများပြိုကျခဲ့သောကြောင့် အကျဉ်းသား ၂၈၁ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ဟု ထောင်အာဏာပိုင်များက စက်တင်ဘာ ၁၅ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
လုံခြုံရေးဌာနများ၏ စစ်ဆင်ရေးများ အတွင်း လွတ်မြောက်သွားသော အကျဉ်းသားများအနက် ၇ ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ဂျီးရီးယား အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ အူမာ အဘူဘာကာက ထုတ်ပြန်ချက်တွင် ပြောဆိုသည်။
ရေကြီးသဖြင့် မြို့တွင်းရှိ Medium Security Custodial Centre နှင့် ဝန်ထမ်းတန်းလျားအပါအဝင် အကျဉ်းထောင်အဆောက်အအုံ နံရံများ ပြိုကျသွားခဲ့သည်ဟု အဘူဘာကာက ပြောဆိုခဲ့သည်။ ကျန်ရှိနေသော လွတ်မြောက်အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးရမိရေးအတွက် စစ်ဆင်ရေးများကို ဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောသည်။
ဘော်နိုပြည်နယ် မြို့တော် မိုင်ဒူဂူရီမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံး ရေကြီးမှုဒဏ်ခံခဲ့ရခြင်းဖြစ်သည်။ မိုးသည်းထန်မှုများကြောင့် ဆည်တစ်ခု ရေလျှံခဲ့ရာမှ ရေလွှမ်းမိုးမှုများစဖြစ်ခဲ့ပြီး နိုင်ငံပိုင် တိရစ္ဆာန်ဥယျာဉ် ရေနစ်မြုပ်ပျက်စီးခဲ့ခြင်းကြောင့် ရေမြုပ် နေသော လူနေရပ်ကွက်များအတွင်းသို့ မိကျောင်းများနှင့် မြွေများသည် ရောက်ရှိသွားစေခဲ့သည်။
နိုင်ငံ၏ အရေးပေါ်ဌာန၏ သတင်း ထုတ်ပြန်ချက် အရ ရေကြီးမှုတွင် လူ ၃၀ ဦးထက်မနည်း ေ-သဆုံးခဲ့ပြီး လူပေါင်းသောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိခဲ့ကြကြောင်း သိရသည်။
Ref: MSN
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
