ကြီးအုံကြီးဝရေလှောင်တမံတွင် ၁၀ ပေနီးပါးအပါအဝင် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ရေလှောင်တမံအချို့ သတ်မှတ်ရေလှောင်ပမာဏထက် ရေကျော်လျက်ရှိှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ရေကျော်နေသည့် ရေလှောင်တမံများအနေဖြင့် ပဲခူးတိုင်းဒေသကြီး(အရှေ့)၊ အုတ်တွင်းမြို့နယ်ရှိ ရေသိုးရေလှောင်တမံတွင် ၁ ဒသမ ၅ ပေ၊ မင်းရဲရေလှောင်တမံတွင် သုည ဒသမ ၃ ပေ၊ ဖြူးမြို့နယ်ရှိ ငမြွေရေ လှောင်တမံတွင် သုည ဒသမ ၃ ပေ၊ ဒိုက်ဦးမြို့နယ်ရှိ ဘောနီရေလှောင်တမံတွင် သုည ဒသမ ၃ ပေ၊ ပျဉ်ပုံကြီးရေလှောင်တမံတွင် ၁ ပေ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝရေ လှောင်တမံတွင် ရေ ၉ ဒသမ ၈ ပေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မဟူရာ (ငမိုးရိပ်)ရေကူရေလှောင်တမံတွင် ရေ သုည ဒသမ ၈ ပေ၊ ငမိုးရိပ်ရေလှောင်တမံတွင် ရေ ၁ ဒသမ ၉ ပေ၊ တိုက်ကြီးမြို့နယ်အတွင်းရှိ တဘူးလှရေလှောင်တမံတွင် ၁ ဒသမ ၈ ပေ၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံတွင် ၂ ဒသမ ၂ ပေ၊ အင်္ဂပူမြို့နယ်ရှိ ကညင်ရေလှောင်တမံတွင် ၃ ဒသမ ၄ ပေ၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ရှိ ရေဘုတ်ရေလှောင်တမံတွင် ၁ ဒသမ ၁ ပေ၊ မွန်ပြည်နယ်ရှိ ကတိုက်ရေလှောင်တမံတွင် သုည ဒသမ ၄ ပေ၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်မြို့ရှိ ကန်ကြီးကုန်ရေလှောင်တမံတွင် သုည ဒသမ ၆ ပေ၊ ရွှေတောင်မြို့ရှိ ရွှေတောင်ရေလှောင်တမံတွင် သုည ဒသမ ၃ ပေ၊ ပန်းတောင်းမြို့ရှိ ခဝါရေလှောင်တမံတွင် သုည ဒသမ ၄ ပေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ရေလှောင်တမံတွင် သုည ဒသမ ၇ ပေ အထိရေကျော်နေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနအနေဖြင့် နိုင်ငံအဝှမ်းတွင် တည်ဆောက်ထိန်းသိမ်းထားရှိပြီးဖြစ်သော ရေအားအဆောက်အအုံများဖြစ်သည့် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခုနှင့် မြစ်ရေတင်လုပ်ငန်း ၂၁၉ ခု၊ စုစုပေါင်းရေအားအ ဆောက်အအုံ ၈၈၀ ခုရှိပြီး ရေပေးဝေနိုင်သည့် စိစစ်ဧကပေါင်း ၃၁ သိန်းကျော်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
