မိုးလေဝသအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်ခန့်မှန်းကာ အသိပေးချက်များ ထုတ်ပြန်ပေးနေသော မစုစုစံ (Su Su San)က ဝမ်းတွင်းဒေသ ရေဘေးသင့် ကျေးရွာများအတွက် ယနေ့တွင် အလှူငွေ ပေးအပ်လှူဒါန်းခဲ့ကြောင်း ဝမ်းတွင်းအခြေစိုက် သန္တိသုခ ပရဟိတလူမှုကူညီရေးအသင်းတာဝန်ခံက ပေါ်ပြူလာနယူးစ်ကို ပြောသည်။
မစုစုစံအနေဖြင့် ဝမ်းတွင်းဒေသရေဘေးသင့်ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် ထောက်ပံ့လှူဒါန်းငွေ ကျပ်ဆယ်သိန်းကို အသင်းသို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လှူဒါန်းတဲ့ငွေကို လောလောဆယ် ဘယ်နေရာအတွက်အသုံးပြုမယ်ဆိုတာမသိရသေးဘူး။ ကျန်အလှူရှင်တွေလှူဒါန်းတဲ့ဟာနဲ့ပေါင်းပြီး လိုအပ်တာကို ဝယ်ပြီး လှူဒါန်းပေးသွားမှာပါ။”ဟု ၎င်းက ဆိုသည်။
လတ်တလော မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းဒေသအတွင်းရှိ စမုံချောင်းရေကြီးရေလျှံဖြစ်ပွားကာ စက်တင်ဘာ(၁၀)ရက်ညပိုင်းမှစတင်၍ ကျေးရွာ(၁၅)ရွာကျော်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ကြရခြင်း ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်တော့ (၁၃)ရွာက ရေလွတ်လွတ်ကျွတ်ကျွတ် ကင်းစင်သွားပါပြီ။ ပြန်လည်ထူထောင်ရေးတွေ ရေဘေးသင့်သူတွေအတွက် ထပ်ပြီးထောက်ပံ့ကူညီနေတာတွေရှိပါတယ်။ ကျေးရွာသုံးရွာကတော့ရေနစ်
မြုပ်နေဆဲပါ။ ကျွန်တော်တို့ အသုတ်လိုက်ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေပါတယ်”ဟု ဖြည့်စွက် ရှင်းပြသည်။
ဝမ်းတွင်းဒေသရေကြီးရေလျှံ ဖြစ်ပွားခဲ့သည့် ကျေးရွာများမှာ ကင်းရွာ၊ ရိုးစုံ၊ သပြေသာ၊ အလယ်ကန်၊ ကြွယ်ကန် စသည့် ကျေးရွာပေါင်း (၁၅)ရွာ၌ ရေဘေးသင့်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-သန္တိသုခ ပရဟိတလူမှုကူညီရေးအသင်း(ဝမ်းတွင်း)





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
