ဧရာဝတီဘဏ်မှ ရေဘေးကြုံတွေ့ခဲ့ရသည့် မြို့(၅)မြို့မှ ရေဘေးသင့်ပြည်သူများအတွက် “လက်တွဲကူညီ ဧရာဝတီ”အစီအစဥ်အဖြစ် ငွေကျပ်သိန်း(၁)သောင်းတန်ဖိုးရှိပစ္စည်းများကို ယနေ့ စက်တင်ဘာ ၁၆ ရက်က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီဘဏ်၏တာဝန်ရှိသူများနှင့်ဝန်ထမ်းများက တောင်ငူမြို့၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ကျောက်ဆည်မြို့နယ်များရှိ ရေဘေးသင့်ပြည်သူများ လတ်တလောအရေးပေါ်လိုအပ်သည့် အစားအသောက် ရိက္ခာခြောက်များ၊ ဆန်၊ ဆီ၊ ငွေသား၊ ဆေးဝါး၊ ရေသန့်၊ အဝတ်အထည်နှင့် အသုံးအဆောင် ပစ္စည်းများကို သွားရောက်
လှူဒါန်းပေးခဲ့ကြခြင်းဖြစ်သည်။
ထို့ပြင် “လက်တွဲကူညီ ဧရာဝတီ”အစီအစဉ်၌ ပြည်တွင်း၊ပြည်ပမှ ဧရာဝတီဘဏ်သုံးစွဲသူများအနေဖြင့် AYA Mobile Banking ၏ Bill Payment မှတစ်ဆင့် Charity & Organization တွင် AYA Helping Hands ကိုရွေးချယ်၍ အလှူရှင်အမည်နှင့် ဖုန်းနံပါတ်
ထည့်သွင်းကာ ဝန်ဆောင်ခ “အခမဲ့”ဖြင့်လှူဒါန်းနိုင်ကြောင်း အသိပေးခဲ့သည်။
ထို့အတူ AYA Pay Mobile Wallet ၏ Pay Bills မှတစ်ဆင့်၊ QR Code မှတစ်ဆင့် AYA Helping Hands သို့ဝင်ရောက်၍ ဝန်ဆောင်ခ “အခမဲ့” ဖြင့်လှူဒါန်းနိုင်ကြောင်းလည်း ဧရာဝတီဘဏ်က အသိပေးခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
