မြန်မာနိုင်ငံ၏ အပူပိုင်းဒေသဖြစ်သည့် ပုဂံညောင်ဦးဒေသအား မျက်စိပသာဒဖြစ်ဖွယ် စိမ်းလန်းစိုပြေသည့် မြင်ကွင်းများ ရရှိခံစားနိုင်ရေး စနစ်တကျ စီမံထားရှိရန် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ယနေ့ စက်တင်ဘာ (၁၆) ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ညောင်ဦးခရိုင် အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများအား ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ညောင်ဦးခရိုင်အနေဖြင့် ဒေသ၏ ရှိရင်းစွဲဆုလာဘ်တစ်ခုဖြစ်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများမှလည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့တွင်ပိုင်ဆိုင်ထားသည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ အလှအပများကို လာရောက်လေ့လာခံစားကြသည့် ခရီးသွားများ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေးနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့ အောင် စီမံဆောင်ရွက်ဆွဲဆောင်ခြင်းအားဖြင့် မိမိတို့ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် အိမ်သာမှဧည့်လာမည် ဖြစ်သည့်အတွက် ဒေသတွင်း သာယာလှပရေး၊ မျက်စိပသာဒဖြစ်ဖွယ်ပတ်ဝန်းကျင်နှင့် စိမ်းလန်းစိုပြေသည့်မြင်ကွင်းများ ရရှိခံစားနိုင်ရေး၊ ဒေသထွက်စားသောက်ကုန်ပစ္စည်းများ အဆင့်မီကောင်းမွန်စေရေး၊ အဆင့်မီသည့်တည်းခိုနေထိုင်မှုစနစ်ရှိစေရေး ဖော်ဆောင်ပေးသွားရမည်ဖြစ်ကြောင်း၊ စေတီပုထိုးများနှင့်ပတ်သက်၍လည်း ဘုရားဖူးလာရောက်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာမြင်တွေ့ဖူးမြင်နိုင်ရေး စနစ်တကျစီမံထားရှိရန်လိုကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။
ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပြီး စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းကြောင့် ဒေသ၏ ဖူလုံရေးကို ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စနစ်တကျကြပ်မတ်ဆောင် ရွက်သွားရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး တာဝန်ရှိသူများအနေဖြင့် ပုဂံညောင်ဦးဒေသဖွံ့ဖြိုးတိုးတက်လာစေရေး အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက်ဆောင်ရွက်ကြရန်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။


-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
