မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ပုဂံရှေး ဟောင်းယဥ်ကျေးမှုနယ်မြေ၌ ရေကြီးရေလျှံမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ပျက်စီးမှုများမဖြစ်ပေါ်စေရန် ရှေးဟောင်းကန်များအားပြန်လည်ပြုပြင်နေမှုကို နစက ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
နစက ဥက္ကဋ္ဌသည် မြန်မာသက္ကရာဇ် ၄၅၀ ခုနှစ်၊ ခရစ်နှစ် ၁၀၈၈ ခုနှစ်က ကျန်စစ်သားမင်းကြီး တည်ဆောက်ခဲ့သည့် မြကန်ရေလှောင်တမံအား ကြည့်ရှုစစ်ဆေးရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်နှင့်တာဝန်ရှိသူများက ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ရှေးဟောင်းရေကန်(၉၁)ကန်အနက် တူးဖော်ပြီး၊ တူးဖော်ဆဲ၊ ဆက်လက်တူးဖော်ရန်ကျန်နှင့် တူးဖော်ရန်မလိုသည့်ရေကန်များ၏ အခြေအနေများနှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ မြကန်သည် သမိုင်းတွင်ထင်ရှားခဲ့သည့်ကန်ကြီးဖြစ်၍ စနစ်တကျထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကာ ရေယိုစိမ့်မှုမရှိစေရန် ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး ရေစီးရေလာကောင်းမွန်မှုရှိစေရေး၊ ရေဝင်ရေထွက် ကောင်းမွန်စေရေးကို အဓိကထားဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးမင်းသူနှင့်တာဝန်ရှိသူများက တုရင်တောင်စိမ်းလန်းစိုပြေရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်နေမှုကို နစက ဥက္ကဋ္ဌအားရှင်းလင်းတင်ပြခဲ့ကြသည်။
နစက ဥက္ကဋ္ဌမှ အပူပိုင်းဒေသစိမ်းလန်းစိုပြေရန် သစ်ပင်၊ သစ်တောများ စိုက်ပျိုးရာ၌ သမရိုးကျစိုက်ပျိုးသည့်နည်းစနစ်များအပြင် သစ်ပင်သစ်တောထုရရှိစေရန် နည်းလမ်းများရှာဖွေ၍ စိုက်ပျိုးရမည်ဟု မှာကြားသည်။
ထို့နောက် နစက ဥက္ကဋ္ဌသည် အရှေ့ဖွားစောကျေးရွာအနီးရှိ ဇေယျဝတီ(ဇေယျဝေရီ)ကန်၊ အနောက်ဖွားစောကျေးရွာအနီးရှိ မင်္ဂလာကန်အ မှတ်(၃)(မွန်းတိမ်းကန်)တို့အတွင်း ရေဝင်ရောက်နေမှုနှင့်ရေဝင်ရောက်လာလမ်းကြောင်းတွင် နုန်းစစ်ကန်များဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုစစ်ဆေးကာ ရေလှောင်ကန်များအားလုံး၏ ရေဝင်ရောက်ရာလမ်းကြောင်းနှင့် ဆည်ရေသောက်ဧရိယာတစ်လျှောက်လမ်းကြောင်းများအတွင်း ရေကြောင်းပိတ်ဆို့မှုမရှိစေရေး၊ ရေဝင်ရေထွက်ကောင်းမွန်စေရေးတို့ကို စနစ်တကျဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့ပြင် ရေလှောင်တမံများ၊ ရေကန်များရှိ ရေထိန်းတမံဧရိယာများအတွင်း ရေထိန်းတမံထိန်း သစ်ပင်များစိုက်ပျိုးထားရမည်ဖြစ်ကာ ကန်များအနီးပတ်ဝန်းကျင်တွင် စိုက်ပျိုးသီးနှံ စိုက်ပျိုးမှုကြောင့် ရေကန်အတွင်းသို့ရေဝင်ရောက်မှုလျော့ နည်းနိုင်၍ သီးနှံစိုက်ပျိုးမှုများကို သတ်မှတ်အကွာအဝေးတွင်သာရှိစေရေး စည်းကမ်းများ၊ ဥပဒေများနှင့်အညီ တားမြစ်ဆောင်ရွက်ထားရှိရမည်ဟု မှာကြားသည်။
ထို့အတူ ရေကန်များအတွင်း ရေများစုဆောင်းထားရှိနိုင်သဖြင့် သုံးရေအတွက်အထောက်အကူပြုစေနိုင်မည်ဖြစ်ပြီး ပုဂံဒေသစိမ်းလန်းစိုပြေရေးအတွက်လည်း အကျိုးရှိစေနိုင်မည်ဖြစ်ရာ တမံများ၊ ရေကန်များကို စနစ်တကျဆက်လက် ထိန်းသိမ်းဆောင်ရွက်ရမည်ဟုလည်း နစက ဥက္ကဋ္ဌကမှာကြားခဲ့သည်။









-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
