မနီလာ၊စက်တင်ဘာ ၁၆
အငြင်းပွားရေပိုင်နက်အတွင်းရှိ ဖိလစ်ပိုင်သင်္ဘောများသည် ငါးလကြာတပ်စွဲထားပြီးနောက် ဆိပ်ကမ်းသို့ပြန်လည်ဆိုက်ကပ်လာပြီဖြစ်သော်လည်း ဖိလစ်ပိုင်သည် တောင်တရုတ်ပင်လယ်ရှိ အဆိုပါ Sabina Shoal တွင် သင်္ဘောများကို ဆက်လက်တပ်ဖြန့်သွားဦးမည်ဟု ၎င်း၏ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီရေပြင်မှာ ဖြန့်ကျက်ထားတာကိုဆက်ပြီးပြုလုပ်သွားမှာပါ” ဟု ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ပြောရေးဆိုခွင့်ရှိသူ Jay Tarriela က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံဘက်က ပိုင်နက်နယ်မြေပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများကိုပြုလုပ်နေသည်ဟု သံသယရှိသဖြင့် PCG ၏ရေယာဉ် Teresa Magbanua ကို ဧပြီလကတည်းက Sabina Shoal တွင်တပ်ချထားခဲ့ပြီးစောင့်ကြည့်စစ်ဆေးခဲ့ရာမှ တနင်္ဂနွေနေ့က ဖိလစ်ပိုင်ဆိပ်ကမ်းသို့ပြန်လည်ရောက်ရှိလာခြင်းလည်းဖြစ်သည်။
သို့သော် သင်္ဘောပြန်လည်ရောက်ရှိလာခြင်းသည် အဆိုပါသင်္ဘောကိုရုပ်သိမ်းရန် တရုတ်၏တောင်းဆိုမှုနှင့်သက်ဆိုင်ခြင်းမရှိကြောင်း၊သင်္ဘောကို ပြန်လည်ပြုပြင်ရန်နှင့် သင်္ဘောသားများ၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်သာဖြစ်ကြောင်း မစ္စတာ Tarriela ကပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ပေကျင်း၏ တရားစီရင်ပိုင်ခွင့်နယ်ပယ်အတွင်းရှိ အဆိုပါရေပြင်တွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပိုင်နက်အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာ အခွင့်အရေးများအပါအဝင် နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သွားမည်ဟုပြောကြားခဲ့သည်။
Source : ရိုက်တာ/အင်န်အိတ်ခ်ျ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
