မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီသည် စိန့်ပီတာစဘတ်မြို့တွင် ပြုလုပ်မည့် Eurasian အမျိုးသမီးဖိုရမ်နှင့် BRICS အမျိုးသမီးဖိုရမ်များကို တက်ရောက်ရန်အတွက် ရုရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခဲ့သည်ဟု မြောက်ကိုရီးယားရှိ ရုရှားသံရုံးက တနင်္လာနေ့(စက်တင်ဘာ ၁၆) တွင် ပြောဆိုသည်။
ရုရှားသံအမတ်ကြီး အလက်ဇန်းဒါး အိုင်ဗန်နိုဗစ် မတ်ဆီဂိုရာက မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွီကို ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့သည်ဟု သံရုံးက ၎င်း၏ Vkontakte လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် ဖိုရမ်တွင် ဝန်ကြီးသည် မိန့်ခွန်းပြောရန်နှင့် ဆွေးနွေးရန် စီစဉ်ထားသည်ဟုလည်း သံရုံးက ပြောသည်။
အဆိုပါဖိုရမ်သို့ နိုင်ငံပေါင်း ၁၀၀ နီးပါးမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်မည်ဟု မျှော်လင့်ကြောင်း ရုရှားအထက်လွှတ်တော် ဖက်ဒရေးရှင်းကောင်စီဥက္ကဋ္ဌ ဗယ်လင်တီနာ မတ်ဗီယန်ကိုက ဇွန်လအတွင်း ပြောဆိုထားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယခင်က ဖိုရမ် အစည်းအဝေးများသို့ တက်ရောက်ခဲ့သော်လည်း ယခုနှစ် ဖိုရမ်သို့ သူ ပါဝင်တက်ရောက်မည်လားဆိုသည်ကိုမူ ခရမ်မလင်က လက်ရှိအထိ သတင်း ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ပူတင်သည် ပြုံယမ်းသို့ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် နှစ်နိုင်ငံ အပြန်အလှန် အကာအကွယ်ပေးရေး ကတိကဝတ်များပါဝင်သည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သဖြင့် နှစ်နိုင်ငံအကြား နွေးထွေးသော ဆက်ဆံရေးသည် ယခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။
Ref: အာရပ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
