မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန် (ရေမိုင်၂ဝဝအထိ) တွင် ကုမ္ပဏီသုံးခုမှ ထိုင်းငါးဖမ်းလှေ ၈၀၀ ဖြင့် ငါးဖမ်းခွင့်တင်ပြလာမှုအား ခွင့်ပြုချက်မပေးသင့်ကြောင်း ဇန်နဝါရီ ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် မြန်မာ့ပင်လယ်ပြင်သီးသန့် စီးပွားရေးဇုန်တွင် ငါးဖမ်းခွင့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် ပညာရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များ တညီတညွတ်ထောက်ပြခဲ့ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောကြားသည်။
“ခုအစိုးရလက်ထက်မှာ ကုမ္ပဏီသုံးခုကနေပြီးတော့ ငါးဖမ်းခွင့်အစီးပေါင်း ၈၀၀ လောက်ကို ငါးဖမ်းခွင့်ပေးဖို့ ပြန်ပြီးတင်ပြလာတယ်။ နော်ဝေးက သုတေသနသင်္ဘော Dr. Fridjof Nanse ကလည်း ဒီနှစ်အတွင်းမှာလဲ သုတေသနလုပ်သွားတယ်။၂၀၁၃ မှာလဲ သုတေသန လုပ်ခဲ့ပြီးပြီး။ ရလဒ်အရလဲ မြန်မာ့ပင်လယ်ပြင်ဟာ သယံဇာတတွေက ဟိုအရင်ထက်စာရင်အများကြီး လျော့နေတယ်ဆိုတဲ့ အဖြေတွေလည်း တွေ့ပြီးပြီး ဒီဘက်မှာလည်း ပြည်တွင်းနိုင်ငံသားပိုင် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောတွေကလည်း အများကြီး တိုးလာတဲ့အတွက် ပညာရှင်တွေရော၊ လုပ်ငန်းရှင်တွေရော အဲဒီဆွေးနွေးပွဲနေ့က နိုင်ငံခြားငါးဖမ်းခွင့်တောင်းတဲ့ ခွင့်ပြုချက် ဆက်မပေးသင့်ဘူးဟု တညီတညွတ်တည်း ဆွေးနွေးတင်ပြခဲ့တယ်” ဟု ဦးဝင်ကြိုင်က ဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားငါးဖမ်းခွင့် အခွင့်အရေး Fishing Right ကို စစ်အစိုးရလက်ထက်တွင်၂၀၀၃ မှစတင်ကာ၂၀၁၄ ခုနှစ် မတ်လအထိ နိုင်ငံခြားသင်္ဘောများဆိုင်ရာ ဥပဒေပြဋ္ဌာန်းကာ ခွင့်ပြုခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိသော်လည်း ပင်လယ်ကြမ်းခင်းပျက်စီးမှုများနှင့် ငါးသယံဇာတလျော့ပါးလာမှုများကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်တွင် နိုင်ငံခြားငါးဖမ်းသင်္ဘောများ သက်တမ်းတိုးခွင့်ရပ်ဆိုင်းခဲ့ကြောင်း ဦးဝင်းကြိုင်က ဆက်လက်ပြောကြားသည်။
မြန်မာ့ရေပိုင်နက်တွင် ပြည်တွင်းလုပ်ငန်းရှင်များ ငါးဖမ်းဆီးခွင့်ရရန် ရန်ကုန်တိုင်းအတွင်း အစင်း ၁၀၀ နှင့် တနင်္သာရီတိုင်း အစင်း ၁၀၀ ဖြင့် စုစုပေါင်း ၂၀၀ ဖမ်းဆီးခွင့်ကို ၂၀၁၇ ခုနှစ် ခြောက်လပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို လုပ်ကိုင်ခွင့်ပြုရေးတင်ထားရာမှ လက်ရှိအချိန်ထိ ရေရေရာရာမရှိသေးကြောင်း မြန်မာနိုင်ငံ ငါးဖမ်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမောင်မောင်စိုးက ပြောကြားသည်။
“လက်ရှိသယံဇာတအခြေအနေရယ်၊ ပြည်တွင်းငါးဖမ်းသင်္ဘောများရဲ့ စွမ်းရည်နဲ့တိုးလာတဲ့ အစင်းရေကို တွက်ချက်ပြီးတော့ သင်္ဘောတွေ တိုးသင့်မတိုးသင့်ကို ပထမဆုံး စဉ်းစားရမယ်” ဟု ဦးဝင်းကြိုင်က ဆိုသည်။
မြန်မာ့ကမ်းလွန်ပင်လယ်ပြင်အတွင်း နိုင်ငံခြားငါးဖမ်းသင်္ဘောများ၏ ဝင်ရောက်ငါးခိုးဖမ်းမှု မကြာခဏရှိနေသည်ဟု မြိတ်ဒေသခံများကပြောကြားသည်။ ကမ်းနီးငါးဖမ်းခွင့်ကို ကမ်းနှင့် ၁၀ မိုင် မှ မိုင် ၅၀ အထိ သတ်မှတ်ထားပြီး ရေနက်ပိုင်းကိုမိုင် ၅၀ မှ ၁၀၀ ထိ သတ်မှတ်ထားကာ မိုင်၂ဝဝအထိကို သီးသန့်စီးပွားရေးဇုန်ဟု သတ်မှတ်ထားသည်ဟု သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
