ပြီးခဲ့သည့် ခုနစ်နှစ်က ကချင်ပြည်နယ်သည် လျှပ်စစ်ဓာတ်အား ၁၃ မဂ္ဂါဝပ်သာ ရရှိခဲ့သော်လည်း လက်ရှိတွင် ၄၃ မဂ္ဂါဝပ်အထိ ရရှိခဲ့ပြီး ကျေးရွာပေါင်း ၂၃၀၀၀ ကျော်အနက် ထက်ဝက်ကျော်အထိ လျှပ်စစ်မီး ရရှိနေပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
ဇန်နဝါရီ ၉ ရက်က ပြုလုပ်သည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် ၆၆ ကေဗွီ မိုးကောင်း-ဖားကန့် ဓာတ်အားလိုင်း (၅၅ ဒသမ ၀၃) မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ဖားကန့်ဓာတ်အားခွဲရုံသို့ ဓာတ်အားစတင်ပို့လွှတ်ခြင်း အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ၁၃ မဂ္ဂါဝပ်ခန့်သာ သုံးစွဲနိုင်ခဲ့ရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၄၃ မဂ္ဂါဝပ်အထိ တိုးတက်သုံးစွဲလာနိုင်ခဲ့ကြောင်း ၊ လက်ရှိ ကချင်ပြည်နယ် ခရိုင်လေးခုအတွင်းရှိ မြို့ ၃၀ မှာ လျှပ်စစ်ဓာတ်အားများ ရရှိနေပြီး ကျေးရွာပေါင်း ၂၃၁၄ ရွာရှိသည့်အနက် ကျေးရွာပေါင်း ၁၃၁၄ ရွာသည် လျှပ်စစ်ဓာတ် ရရှိသုံးစွဲနေကြပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်။
ထို့အပြင် ကချင်ပြည်နယ်အတွင်း အိမ်စုအရေအတွက် စုစုပေါင်း ၂၆၉၃၆၅ ရှိရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာအထိ အိမ်ထောင်စု ၁၄၄၁၂၂ စုကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီးဖြစ်သည့်အတွက် Electrification Ratio ၅၃ ဒသမ ၅ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျေးရွာများအနက် ကျေးရွာပေါင်း ၆၉ ရွာအား ဆက်လက်အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
