မြန်မာ-တရုတ်နယ်စပ်ဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် မြန်မာ-တရုတ် နယ်စပ်စီးပွားရေးဇုန် တည်ဆောက်လုပ်ကိုင်ရန် ပြည်တွင်းလုပ်ငန်းရှင်များ ဝင်ရောက်လျှောက်ထားနိုင်ပြီး စိတ်ဝင်စားမှုဖော်ပြသည့်လျှောက်လွှာ EOI ကို ယခုလအတွင်း ခေါ်ယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“မူဆယ်နယ်စပ်မှာ စီးပွားရေးဇုန်ဆောက်ဖို့ကို မကြာခင်မှာ EOI ခေါ်ယူတော့မယ်။ မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးရောပေါ့။ သုံးနေရာမှာ EOI ခေါ်ဖို့ရှိတယ်။ စိတ်ပါဝင်စားတဲ့ ပြည်တွင်းက Developer တွေက ဝင်လျှောက်လို့ရတယ်။ ဒီအပေါ်မှာ မူတည်ပြီး ဘယ်လိုနေရာတွေမှာ ဘာလုပ်မယ်ဆိုတာ ဆက်ပြီးဆောင်ရွက်မယ်။ တရုတ်နိုင်ငံဘက်ကလည်း နှစ်နိုင်ငံ SEZ နဲ့ ပတ်သက်ပြီး သူတို့ဘက်က Framework Agreement ပို့ထားတာရှိတယ်။ အဲဒီအပေါ်မှာ မူကြမ်းပေါ်မှာ ကျွန်တော်တို့က ဆွေးနွေးပြီး တစ်ဖက်နိုင်ငံကို ပြန်ပို့ဖို့ရှိတယ်။ နယ်စပ်စီးပွားရေးဇုန်နဲ့ပတ်သက်ပြီး Framework Agreement ကို လက်မှတ်ထိုးသွားဖို့ရှိ ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ အဆိုပါနေရာသုံးခုတွင် နယ်စပ်စီးပွားရေးဇုန် တည်ဆောက်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ပြီးမှသာ မည်သည့်နေရာကို စတင်တည်ဆောက်မည်ကို သိနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
“စီးပွားရေးဇုန်က သုံးနေရာမှာလုပ်ဖို့တော့ အဓိကရည်မှန်းထားတယ်။ ဘယ်ဟာကို ဦးစားပေးမလဲဆိုတာတော့ ညှိနှိုင်းရဦးမယ်။ အဓိက က နှစ်ဖက်နှစ်နိုင်ငံ ညှိနှိုင်းပြီးမှပဲ လုပ်လို့ရမယ်” ဟု ဦးခင်မောင်လွင်က ဆက်လက်ပြောကြားသည်။
မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန်များ တည်ဆောက်ရန်အတွက် EOI ခေါ်ယူမှုကိုမူ အကြမ်းဖျင်းအားဖြင့် ယခုလအတွင်းခေါ်ယူရန် ခန့်မှန်းထားကြောင်း ၎င်းကဆက်လက်ပြောကြားသည်။
တရုတ်-မြန်မာနယ်စပ်တွင် နယ်စပ်စီးပွားရေးဇုန်တစ်ခုကို မကြာမီ အကောင်အထည်ဖော်တော့မည်ဖြစ်ပြီး အဆိုပါစီးပွားရေးဇုန်တွင် မြန်မာလုပ်ငန်းရှင်များ ပါဝင်ရင်းနှီးမြှုပ်နှံရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
နိုင်ငံတော်အနေနဲ့ အခြားဇုန်များလည်း အကောင်အထည်ဖော်ဖို့ရှိပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ နယ်ခြားဒေသ နှစ်ဖက်မှာ ကချင်ပြည်နယ်နယ်စပ်နဲ့ ရှမ်းပြည်နယ် နယ်စပ်ကျယ်ပြန့်တဲ့နေရာမှာ ယူနန်ပြည်နယ် နှစ်ဖက်နယ်စပ်မှာ နှစ်ဖက်မျက်နှာချင်းဆိုင် Trading and processing Zone တွေတည်ထောင်ဖို့ မနှစ်က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သွားတုန်းက လက်မှတ်ထိုးထားတာရှိပါတယ်။ အဲဒါကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ငန်းဆိုင်ရာ ဗဟိုကော်မတီလည်း ဖွဲ့စည်းထားပြီဖြစ်ပါတယ်။ ဒီကော်မတီအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေက ချင်ပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ် အစိုးရများနှင့်တိုင်ပင်ကာ မကြာမီအကောင် အထည်ဖော်ဖို့ရှိပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။
“အဲဒီနေရာမှာလည်း လုပ်ငန်းရှင်များက ပါဝင်ရင်းနှီးမြှုပ်နှံနိုင်သလို အကြံဉာဏ်များလည်း ပေးမယ်ဆိုရင် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်၊ သီလဝါအထူးစီးပွားရေးဇုန်သာမက အခြားဇုန်တွေမှာလည်း ရင်းနှီးမြှုပ်နှံနိုင်မယ့် အခွင့်အလမ်းကောင်းတွေ ရှိတယ်ဆိုတာ သတင်းပေးလိုပါတယ်” ဟု ဒေါက်တာသန်းမြင့်က ဆိုသည်။
မြန်မာ-တရုတ်နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ထိစပ်လျက်ရှိပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အများဆုံးပြုလုပ်လျက်ရှိကြောင်း၊ ကန်ပိုက်တီးနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှု ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာကာ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်သည် သယံဇာတကြွယ်ဝပြီး မြေလွတ်မြေရိုင်းများ ပေါများမှုရှိခြင်းကြောင့် တစ်ဖက်နိုင်ငံမှ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများကို ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
