ဂျပန်လုပ်ငန်းများ အာရှဒေသအတွင်း ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၆ နေရာတွင် ရှိနေသော်လည်း ရာခိုင်နှုန်းအားဖြင့် ကျဆင်းခဲ့ပြီး ၆ ဒသမ ၅ ရာခိုင်နှုန်းသာ လုပ်ငန်းဆောင် ရွက်လိုသည်ဟု ရွေးချယ်ခံရကြောင်း NNA Business (Kyodo News Group) ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဂျပန်လုပ်ငန်းများသည် အာရှဒေသအတွင်း ရင်းနှီးမြှုပ်နှံလိုဆုံး နိုင်ငံအဖြစ် စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားပြီး ကုန်ထုတ်လုပ်မှုတွင်ကျယ်ရာ၊ ကြီးမားသည့် စျေးကွက်တည်ရှိရာ ဗီယက်နမ်နိုင်ငံကို ရွေးချယ်ခဲ့ကြောင်း NNA Survey အရ သိရသည်။
အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အိန္ဒိယနှင့် သြစတြေးလျနိုင်ငံများတွင် လုပ်ငန်းများ ဆောင်ရွက်နေသည့် ဂျပန်လုပ်ငန်း ၆၃၀ က NNA Survey ကို ပါဝင်ဖြေဆိုခဲ့ခြင်းဖြစ် ပြီး ၃၅ ဒသမ ၇ ရာခိုင်နှုန်းက ဗီယက်နမ်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုကြောင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။ ယခု Survey တွင် ဒုတိယ အများဆုံး ရွေးချယ်ခံသည့်နိုင်ငံမှာ အိန္ဒိယဖြစ်ပြီး ၁၇ ဒသမ ၈ ရာခိုင်နှုန်းက လုပ်ငန်းများရင်နှီးမြှုပ်နှံလိုကြောင်း ဖော်ပြခဲ့ကြသည်။
“ဗီယက်နမ်နိုင်ငံမှာ ကျွန်တော်တို့လုပ်ငန်းတွေ တည်ထောင်လည်ပတ်ပြီးပြီဆိုရင်တော့ လုပ်ငန်းတိုးချဲ့ဖို့အတွက် ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံကို စဉ်းစားကြပါတယ်” ဟု ဂျပန်လုပ်ငန်းကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။
NNA Survey ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၉ ရက်အတွင်း ကောက်ခံခဲ့ခြင်းဖြစ်ပြီး ဂျပန်ရင်းနှီးမြှုပ်နှံသူများက အိန္ဒိယနိုင်ငံက ၎င်းတို့လုပ်ငန်းအတွက် အလားအလာမြင့်မားနေကြောင်း ဖော်ပြခဲ့သည်။ အိန္ဒိယ၏ တန်ဖိုးမြင့် ငွေစက္ကူများ ဖျက်သိမ်းခဲ့ခြင်းနှင့် ကုန်စည်နှင့် ဝန်ဆောင်မှု အခွန်အခသစ်များ ထုတ်ပြန်ခဲ့ခြင်းက အိန္ဒိယနိုင်ငံ၏ စီးပွားရေးအလားအလာကို ကောင်းမွန်စေခဲ့ခြင်းဖြစ်သည်။
ယခု Survey အရ တရုတ်နိုင်ငံသည် ဂျပန်လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံများစာရင်းတွင် အဆင့် ၃ နေရာတွင်ရပ် တည်နေသည်။ ၂၀၁၇ ခုနှစ်က ၁၂ ဒသမ ၆ ရာခိုင်နှုန်းအထိရှိခဲ့သော်လည်း တရုတ်နှင့် အမေရိကန်ကြားတွင် ဖြစ်ပေါ်နေသည့် မသေချာမရေရာသည့် စီးပွားရေးအခြေအနေကြောင့် ၈ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းလာခြင်းဖြစ်သည်။
ဂျပန်လုပ်ငန်းများ အာရှဒေသအတွင်း ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံများစာရင်းတွင် ထိုင်းနိုင်ငံက အဆင့် ၄ နေရာ၌ရှိပြီး ၇ ဒသမ ၃ ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်လိုကြောင်း ဖော်ပြကြသည်။ မော်တော်ယာဉ်ထုတ်လုပ် ရောင်းဝယ်မှုနှင့် နိုင်ငံရပ်ခြားတင်ပို့မှုကဏ္ဍ တိုးတက်မှုနှင့်အတူ စီးပွားရေးပြန်လည်ကောင်းမွန်လာမှုကြောင့် ယခင်နှစ်က အဆင့် ၇ ရှိနေရာမှ ယခု အဆင့် ၄ နေရာအထိ ပြန်လည်တက်ခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံက NNA Survey တွင် အဆင့် ၅ နေရာတွင် ရှိနေပြီး ဂျပန်လုပ်ငန်း ၆ ဒသမ ၅ ရာခိုင်နှုန်းက လုပ်ငန်းတိုးချဲ့လိုကြောင်း ဖော်ပြကြသည်။ မြန်မာနိုင်ငံသည် အဆင့် ၆ နေရာတွင် ရပ်တည်နေပြီး ဂျပန်လုပ်ငန်းပေါင်း ၆၃၀ အနက် ၆ ဒသမ ၅ ရာခိုင်နှုန်းက ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြကြသည်။ ယခင်နှစ်က ဂျပန်လုပ်ငန်း၏ စိတ်ဝင်စားမှု နှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ မြန်မာနိုင်ငံ၏ အနောက်ဘက် ရခိုင်ပြည်နယ်ရှိ ပြဿနာများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသော ဂျပန်လုပ်ငန်းများ လျော့ကျလာခဲ့ခြင်း ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
