ဒဂုံမြို့သစ်(တောင်ပိုင်း) ၂၆ ရက်ကွက်ရှိ ယောက်ကော်ပန်းခြံအတွင်း ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၇ ရက်တွင် ပြုလုပ်ရန် လျာထားကြောင်း ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒဂုံမြို့သစ်တောင်ပိုင်း အမှတ် (၁)မဲ ဆန္ဒနယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ကို ထုလုပ်ပြီးစီးခဲ့ပြီး ကြေးရုပ်နှင့် ပန်းခြံကိုတစ်ပြိုင်တည်း ဖွင့်လှစ်နိုင်ရေးအတွက် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် ဆွေးနွေးတိုင်ပင်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
“ပန်းခြံကိုပါ တစ်ခါတည်း ဖွင့်တယ်ဆိုတဲ့သဘောမျိုးလေး လုပ်လိုက်မှာပေါ့။ ဗိုလ်ချုပ်ကြေးရုပ်က စိုက်ထူဖို့အတွက် လုပ်ငန်းတွေ စတင်နေပါပြီ။ ကြေးရုပ်ဖွင့်ပွဲကိုတော့ မတ် ၂၇ ရက်မှာ ဖွင့်ဖို့အတွက် လောလောဆယ်တော့ ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီက စီစဉ်ထားပါတယ်” ဟု ဦးညီညီက ပြောကြားသည်။
ပန်းခြံအဆင့်မြှင့်တင်ရေးနှင့် ပန်းခြံအတွင်း ကြေးရုပ်ထားရှိမည့် နေရာသတ်မှတ်ရေးတို့ကို ဇန်နဝါရီ ၁၁ ရက် နေ့လယ်က ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး လာရောက်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။
ကုန်ကျစရိတ် သိန်း ၁၃၀ ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ ဗိုလ်ချုပ်ပုံတူ စီလီကွန်ရုပ်တု ထုလုပ်ခဲ့သည့် ပညာရှင် ဦးအောင်ကျော်ထွန်းက ထုလုပ်ပေးထားကာ ဗိုလ်ချုပ်ကြေးရုပ်ပုံစံကို ပင်လုံစာချုပ်ကို လက်ကကိုင်ထားပြီး မတ်တတ်ရပ် အနေအထားပုံစံဖြင့် ရှိနေသည့်ပုံစံအား ရွေးချယ်ထားသည်ဟု ဦးညီညီက ပြောကြားသည်။
“ကုန်ကျစရိတ်က သိန်း ၁၃၀ ရှိပါတယ်။ ၁၃၀ မှာ ပညာရှင်က သိန်း ၇၀ ပေါ့နော်။ ကြေးသွန်းလုပ်တဲ့ဟာမျိုးကို ကျခံပေးပါတယ်။ ကျွန်တော်တို့ဆီကနေပြီးတော့ ၆၀ လောက်ပဲ ကျခံရတယ်။ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့ အကျယ်တဝင့် ဟိုအလှူခံ၊ ဒီအလှူခံတယ်ဆိုတာမျိုး မရှိသေးပါဘူး။ မြို့မမြို့ဖနဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ အပေါင်းအသင်းတွေကပဲ ၀ိုင်းပြီးတော့ ထည့်ပေးကြတာပေါ့” ဟု ၎င်းက ပြောကြားသည်။
လှိုင်သာယာမြို့ရှိ ဘုရင့်နောင်ပန်းခြံတွင်လည်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိရန် စီစဉ်နေပြီး လက်ရှိတွင် ကြေးရုပ်ထားရှိမည့် မြေနေရာကို ရန်ကုန်မြို့တော်ဝန်က သတ်မှတ်ပေးပြီးဖြစ်ကာ ကြေးရုပ်ထုလုပ်မည့်ပုံစံနှင့် ကုန်ကျစရိတ်ကို စိစစ်လုပ်ဆောင်နေဆဲဖြစ်ကြောင်း လှိုင်သာယာမြို့နယ် အမှတ် ၂ မဲ ဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဗိုလ်ချုပ်ရုပ်တုစိုက်ထူထားရှိရေး လုပ်ငန်းများဆောင်ရွက်လာခဲ့ရာ တိုင်းဒေသကြီးဒေသများတွင် ကန့်ကွက်မှုများမရှိသော်လည်း တိုင်းရင်းသားအများစုရှိရာ ပြည်နယ်အချို့တွင် ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
