ပြည်တွင်းသို့ အလှကုန်ပစ္စည်းများ တင်သွင်းရာတွင် နယ်စပ်ဒေသရှိ စက်ရုံများမှ ထုတ်လုပ်သည့် ပစ္စည်းများထက် တစ်ဖက်နိုင်ငံတွင် အသိအမှတ်ပြုခြင်းခံသည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
နေပြည်တော်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် ဇန်နဝါရီ ၁၁ ရက်ကပြုလုပ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အွန်လိုင်းရက်ချိန်း ကြိုတင်လျှောက်ထားမှုစနစ် အသိပေးမိတ်ဆက်ပွဲ အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့ လုပ်ငန်းရှင်ကြီးများကိုလည်း Request လုပ်ချင်တာက ဆရာတို့ တင်သွင်းတဲ့ ပစ္စည်းများက တကယ်စိတ်ချရတဲ့ ကုမ္ပဏီကဟာကို တင်သွင်းစေချင်ပါတယ်။ နယ်စပ်မှာရှိတဲ့ စက်ရုံကထုတ်တဲ့ဟာမျိုး အဲဒါကို မတင်သွင်းစေချင်ပါဘူး။ တကယ့် Reliable ပေါ့။ ဟိုနိုင်ငံမှာ အသိအမှတ်ပြုပြီးတော့ သုံးနေတဲ့ဟာမျိုး။ အဲဒါမျိုးကိုပဲ တင်သွင်းစေချင်ပါတယ်။ မဟုတ်လို့ရှိရင် ကျွန်တော်တို့က ဖြည်းဖြည်းချင်း လူသတ်သလို ရောဂါရအောင်ဖြစ်စေပါတယ်။ အထူးသဖြင့် ကင်ဆာတွေပေါ့။ အထူးသဖြင့် Liver ကင်ဆာ။ ဒါတွေကလည်း တော်တော်များလာတော့ ဒါတွေက ဒါတွေကြောင့်မဟုတ်ဘူးလားလို့တော့ ဘယ်သူမှ ပြောလို့မရပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ “ဒီထဲမှာ အလူမီနီယံ ပါတယ်။ အယ်ဇိုင်းမားဖြစ်ဖို့ရာ တော်တော်များများက အတုလုပ်ထားတယ်။ အဲဒါတွေနောက် ခေါင်းကိုဆေးဆိုး၊ ကျွန်တော်လည်း ဆိုးရပါတယ်။ အဲဒီဟာတွေက ဘာတွေပါလဲ။ အမိုးနီးယားပါတာကအစ အများကြီးပဲ။ အဲဒါတွေကိုလည်း သေချာ Study လုပ်စေချင်ပါတယ်။ ဘယ်ဟာမျိုးသည် Safe အဖြစ်ဆုံးလဲ။ မိတ်ကပ်တွေကအစ ဘယ်ဟာသည် ကင်ဆာဖြစ်ဖို့ အနည်းဆုံးပါတာ၊ ဒါတွေကို တဖြည်းဖြည်း Research တွေ လုပ်စေချင်ပါတယ်။ အဲ ဒါမှ ကျွန်တော်တို့က အားလုံးအောင်မြင်မှာ” ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်တွင် ဌာနပေါင်းခုနစ်ခုရှိသော်လည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) သည် အရေးအကြီးဆုံး ဌာနတစ်ခုဖြစ်ပြီး နေ့စဉ်ပြည်သူများ၏ ကျန်းမာရေးသည် FDA နှင့် သက်ဆိုင်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ပြည်ထောင်စုဝန်ကြီးက “မနက်မိုးလင်း အိပ်ရာထကတည်းက အိပ်ရာဝင်တဲ့အချိန်ထိ အစားအသောက်တွေ၊ ဒီအစားအသောက်တွေကို ပြည်သူများက သေချာစွာသတိပြုပြီး ကောင်းတဲ့အစားအသောက်ကိုစား၊ မကောင်းတဲ့ အစားအသောက်ကို မစားဘူးဆိုရင် ကုသရေးဦးစီးတို့၊ ဆေးရုံတို့မှာ အလုပ်တွေတော်တော်များများ နည်းသွားမှာဖြစ်တယ်။ အထူးသဖြင့် ဆီးချို၊ သွေးတိုး အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့စားတဲ့ အစားအသောက်တွေ ကောင်းဖို့ဆိုတာ FDA ရဲ့ အဓိက ဝန်ဆောင်မှုဖြစ်ပါတယ်။ ဒီနေရာမှာ FDA တစ်ခုတည်းနဲ့လည်း မရပါဘူး။ ပြည်သူများရဲ့ ကျန်းမာရေးအသိက အရမ်းအရေးကြီးပါတယ်” ဟု ပြောကြားသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ကောင်းမွန်အောင် ဆောင်ရွက်နေသော်လည်း ပြည်သူများက ကျန်းမာရေး အသိပညာပေးမှုများအတိုင်း လိုက်နာခြင်းမရှိပါက အောင်မြင်နိုင်မည် မဟုတ်ခြင်းကြောင့် FDA နှင့် ပြည်သူများ အတူလက်တွဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အထူးသဖြင့် အလှကုန်ပစ္စည်းများသည် မိန်းကလေးများအတွက် အလွန်အရေးကြီးကြောင်း၊ လက်သည်း၊ မျက်နှာစသည်ဖြင့် များစွာရှိသောကြောင့် နေ့စဉ်သုံးဖြစ်သဖြင့် အမျိုးသမီးထုတစ်ခုလုံး၏ ကျန်းမာရေးသည် အရေးကြီးကြောင်း၊ ပမာဏနည်းသော်လည်း နေ့စဉ်သုံးဖြစ်သည့်အတွက် အန္တရာယ်များကြောင်း၊ ထို့ကြောင့် FDA သည် အမျိုးသမီးထုအတွက် အလွန်အရေးကြီးသည့် ကိစ္စဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
