ဘူးသီးတောင်နှင့် မောင်တော အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၅ ခုရှိ ကျေးရွာများသို့ UN ၊ INGO ၊ NGO အဖွဲ့အစည်းများအနေဖြင့် ခရီးသွားလာခွင့်နှင့် လုပ်ငန်းဆောင်ရွက်ခွင့်မပြုရန် ရခိုင်ပြည်နယ်အစိိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက အကြောင်းကြားသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသော တိုက်ပွဲဖြစ်စဉ်များနှင့်ရရှိသတင်းများအပေါ် မူတည်၍ UN၊ INGO ၊ NGO အဖွဲ့အစည်းများ ( ICRC နှင့် WFP အဖွဲ့မပါ ) ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့အတွင်း ဆောင်ရွက်နေသော လုပ်ငန်းများအား လုံခြုံရေးအခြေအနေအရ လတ်တလော မြို့ပေါ်၌သာ လုပ်ငန်းဆောင်ရွက်ခွင့်နှင့်ခရီးသွားလာခွင့်ပြုမည်ဖြစ်ကြောင်း၊ ကျေးရွာများသို့ ခရီးသွားလာခွင့်နှင့်လုပ်ငန်းဆောင်ရွက်ခွင့်မပြုကြောင်း အကြောင်းကြားအပ်သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီက စစ်တွေ၊ မြောက်ဦးနှင့်မောင်တောမြို့တို့ရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများသို့ ဇန်နဝါရီ ၁ဝရက်တွင် ပေးပို့သော အကြောင်းကြားစာတွင် ပါရှိသည်။
အဆိုပါစာ၏မိတ္တူကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးအဖွဲ့မှူးရုံး ကွပ်ကဲရေးမှူး၊ အမှတ်(၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီအားလုံး၊ UN၊ INGO ၊ NGO အဖွဲ့အစည်းများအားလုံး ( ICRC နှင့် WFP အဖွဲ့မပါ) သို့ ပေးပို့သည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိှိ ငမြင်းဘော်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ဖြင့်လည်းကောင်း၊ ကျောင်းတောင်ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန်ဖြင့်လည်းကောင်း၊ ဂုပ္ပိရဲကင်းစခန်းအား ခန့်မှန်းအင်အား ၅၀ ခန့်ဖြင့်လည်းကောင်း၊ ခထီးလှ ရဲကင်းစခန်းအား ခန့်မှန်းအင်အား ၁၀၀ ခန့်ဖြင့်လည်းကောင်း ရဲကင်းစခန်းလေးခုအား ဇန်နဝါရီ ၄ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် AA အဖွဲ့ က တစ်ချိန်တည်း တစ်ပြိုင်တည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။
ထိုသို့ AA အဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ငမြင်းဘော်ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကျောင်းတောင် ရဲကင်း စခန်းမှ တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိကြောင်း၊ ဂုပ္ပိရဲကင်းစခန်း မှ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ ခထီးလှ ရဲကင်းစခန်းမှ နှစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရရကာ ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါဖြစ်စဉ်တွင် စုစုပေါင်း လက်နက်ငယ်မျိုးစုံ အလက် ၄၀၊ ခဲယမ်းမျိုးစုံ ၁၆၁၁၁ တောင့်၊ လက်ကိုင်စကား ပြောစက် ၁ လုံးဆုံးရှုံးခဲ့ကြောင်း၊ AA အဖွဲ့ ဆုတ်ခွာရာ လမ်းကြောင်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့ များက ပိတ်ဆို့ ရှင်းလင်း လျက်ရှိပြီး ရဲကင်းစခန်းများရှိရာ ကျေးရွာ လေးရွာမှ တိုင်းရင်းသား၊ တိုင်းရင်းသူများသည် ကျေးရွာများသို့ စွန့်ခွာတိမ်းရှောင်သွားသဖြင့် အဆက်အသွယ်ရရှိရေး ရှာဖွေလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားနေပြီး တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ ငါးထောင်းနီးပါးရှိနေပြီဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
