၂၀၁၈ ခုနှစ်အတွင်း တစ်နိုင်ငံလုံး၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၁၃၀၀၀ ကျော်အထိရှိခဲ့ပြီး တရားခံ ၁၈၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(ဗဟို)က စုံစမ်းသိရသည်။
ယခင် ၂၀၁၇ ခုနှစ်တွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၈၀၀၀ ကျော်သာရှိခဲ့ပြီး တရားခံ ၁၃၀၀၀ ကျော်ဖမ်းဆီးရမိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် နှစ်နှစ် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့်အမှုအရေအတွက်နှင့် တရားခံအရေအတွက် ပိုမိုများပြားကြောင်း သိရသည်။
ဇန်နဝါရီ ၁၁ ရက်တွင် ရန်ကုန်မြို့ မူးယစ်ပြတိုက်၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ကုလသမဂ္ဂဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး UNODC တို့ ပူးပေါင်း၍ Myanmar Opium Survey 2018 အခမ်းအနား ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တားဆီးနှိမ်နင်းရေးဌာနမှူး ယာယီရဲမှူး ဇော်လင်းက ၂၀၁၈ ခုနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံကိန်း သုံးကြိမ်ဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၁၈ ခုနှစ် ဇွန် ၂၆ ရက်တွင် သမ္မတရုံးက မူးယစ်အထူးသတင်းပေး တိုင်ကြားဌာနဖွင့်ပြီး နောက်ပိုင်းတွင် ပြည်သူများ၏ သတင်းပေးတိုင်ကြားမှုများကြောင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအရေအတွက် တိုးမြင့်လာကြောင်း ပြောကြားသည်။
“ပြီးခဲ့တဲ့ ၂၀၁ရမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီးတော့ ဖမ်းဆီးရမိတဲ့ လမ်းကြောင်းနဲ့ နေရာတွေအပေါ်မှာ သုံးသပ်ပြီးတော့ ၂၀၁၈ မှာလည်း မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုကို အရှိန်အဟုန်မြှင့်ပြီးတော့ စစ်ဆင်ရေးအနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာတော့ သုံးကြိမ်ဆောင်ရွက်ခဲ့ပါတယ်။ ပထမအကြိမ်ကတော့ ၂၀၁၈ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ တနင်္သာရီတိုင်းမှာ ပုလဲမင်းစစ်ဆင်ရေး၊ ၂၀၁၈ လေးလပိုင်းကနေ ခြောက်လပိုင်းအထိကို ရခိုင်ပြည်နယ်မှာ မေယု-၂ စစ်ဆင်ရေးစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုပဲ ၂၀၁၈ နိုဝင်ဘာလကနေ ဒီဇင်ဘာလမှာ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မှာ မန်းကမ္ဘောဇဆိုတဲ့ အထူးစစ်ဆင်ရေးစီမံကိန်းကို ရေးဆွဲ ဆောင်ရွက်ခဲ့ပါတယ်” ဟု မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တားဆီးနှိမ် နင်းရေးဌာနမှူး ယာယီရဲမှူးဇော်လင်းက ပြောကြားသည်။
ထို့ပြင် ထိုင်း-မြန်မာနှစ်နိုင်ငံ ပူးပေါင်း၍ Join Action Plan ရေးဆွဲထားပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖမ်းဆီးရမိမှုများရှိကြောင်း၊ ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိမှု၊ ဖမ်းဆီးရမိမှု လမ်းကြောင်းများနှင့် နေရာများအပေါ်မူတည်၍ ၂၀၁၉ ခုနှစ်တွင် အထူးစစ်ဆေးရေးစီမံချက်များ ရေးဆွဲရန် ဆောင်ရွက်လျက်ရှိကြောင်း ရဲမှူးဇော်လင်းက ဆက်လက်ပြောကြားသည်။
မူးယစ်ဆေးဝါးမှုများ ကွင်းဆက်များဖြင့် ဖမ်းဆီးရေးဆောင်ရွက်ရာ၌ သတင်းမီဒီယာများက ဆိုရှယ်နက်ဝက်များအပေါ် သတင်းတင်လိုက်မှုများကြောင့် ကွင်းဆက်ပြတ်တောက်မှု စသည့်အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
