ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီးများတွင် ခွင့်ပြုသူနာပြုဦးရေ ၃၅၁၂၇ ဦးအနက် ၁၉၉၅၀ ကိုခန့်အပ်ထားပြီး လစ်လပ် ၁၅၁၈၀ ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။
ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သူနာပြု -သားဖွားဒီပလိုမာ သုံးနှစ်သင်တန်း အောင်မြင်သူများနှင့် သစ်လွင်သူနာပြု (သူနာပြု သိပ္ပံဘွဲ့) အောင်မြင်သူ ၂၀၂၈ ဦးအား ယခုနှစ် ဇန်နဝါရီလအတွင်းက ခန့်အပ်နိုင်ခဲ့ကြောင်းနှင့် သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းအောင်မြင်သူ ၁၆၃၃ ဦးကို ဇန်နဝါရီ ၃ ရက်တွင်လည်းကောင်း ထပ်မံ၍ သစ်လွင်သူနာပြု (သူနာပြုသိပ္ပံဘွဲ့)အောင်မြင်သူ ၃၉၅ ဦးအား ဇန်နဝါရီ ၁၀ ရက်တွင်လည်းကောင်း အလုပ်ခန့်အပ်ထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံကြီးများတွင် လက်ရှိခွင့်ပြုသူနာပြုဦးရေ ၁၀၀၄၉ ဦးရှိပြီး ယင်းတို့အနက် ၅၉၀၁ ဦးကို ခန့်ထားပြီးဖြစ်ရာ လတ်တလောလစ်လပ်နေရာ ၄၁၄၈ ဦးရှိကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခွင့်ပြု ၂၅၀၈၁ ဦးအနက် ၁၄၀၄၉ ဦးကို ခန့်ထားပြီး လတ်တလောလစ်လပ်နေရာ ၁၁၀၃၂ ဦးရှိကြောင်းနှင့် သစ်လွင်သူနာပြုများကို ဗဟိုအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် ၄၅၆ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ၁၁၄၄ ဦး၊ အခြားတွင် ၃၃ ဦး ခန့်ထားရန်လျာထားပြီး ဖြစ်ကြောင်းသိရသည်။
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန အောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည့် သူနာပြု-သားဖွား ဒီပလိုမာသုံးနှစ်သင်တန်းနှင့် ဘက်စုံသားဖွား ဒီပလိုမာနှစ်နှစ်သင်တန်း တက်ရောက်ခွင့်ရရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
သူနာပြု-သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်း တက်ရောက်ခွင့်ရသူများသည် သက်ဆိုင်ရာသင်တန်းကျောင်းသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းပို့ရမည်ဖြစ်ပြီး သင်တန်းဖွင့်သည့်နေ့ရက်ထက် နှစ်ပတ်ကျော်လွန်ပြီး သတင်းပို့ခြင်းမရှိသူများကို သင်တန်းတက်ရောက်ခွင့် ပယ်ဖျက်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
သူနာပြု-သားဖွားဒီပလိုမာသုံးနှစ်သင်တန်းသို့ တက်ခွင့်ရသူများသည် သင်တန်းကာလအတွင်း ပျက်ကွက်လျှင် နိုင်ငံတော်မှ သတ်မှတ်ထားသော သူနာပြု-သားဖွား ဒီပလိုမာသုံးနှစ်သင်တန်းအတွက် လျော်ကြေးငွေ ကျပ်ရှစ်သိန်း (သို့မဟုတ်) အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် လျော်ကြေးငွေပေးလျော်ရန် ကတိခံဝန်ချက်ချုပ်ဆိုရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတော်မှ လိုအပ်လျက်ရှိသော တိုင်းဒေသကြီး/ပြည်နယ်များရှိ မည်သည့်ဒေသမဆို နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံးသုံးနှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရန်နှင့် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်သိန်း ၁၀၀ ကို ပေးလျော်ရန် ကတိခံဝန်ချက်ကို ချုပ်ဆိုရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဘက်စုံသားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းသို့ တက်ခွင့်ရသူများသည် သင်တန်းကာလအတွင်း ပျက်ကွက်လျှင် နိုင်ငံတော်မှ သတ်မှတ်ထားသော လျော်ကြေးငွေကျပ်သုံးသိန်း (သို့မဟုတ်) အခါအားလျော်စွာ ပြင်ဆင်သတ်မှတ်သည့် လျော်ကြေးငွေပေးလျော်ရန် ကတိခံဝန်ချက်ချုပ်ဆိုရမည်ဖြစ်ပြီး သင်တန်းတက်ရောက် အောင်မြင်ပြီးပါက နိုင်ငံတော်မှ လိုအပ်ချက်ရှိသော တိုင်းဒေသကြီး /ပြည်နယ်များရှိ မည်သည့်ဒေသမဆို နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံးသုံးနှစ် မပျက်မကွက်တာဝန်ထမ်းဆောင်ရန်နှင့် ပျက်ကွက်ပါက လျော်ကြေးငွေကျပ်သိန်း ၅၀ ကိုပေးလျော်ရန် ကတိခံဝန်ချက်ကိုချုပ်ဆိုရမည်ဟု ထုတ်ပြန်ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
