ဖမ်းဆီးခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ကျောင်းပေါင်း ၃၀ ကျော်မှ ကျောင်းသားကိုယ်စားလှယ်များက ဆန္ဒပြတောင်းဆိုမှုကို ဇန်နဝါရီ ၁၁ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မငါးခုဖြင့် ဖမ်းဆီးပြီး တရားစွဲဆိုခံထားရသော ရတနာပုံတက္ကသိုလ် ကျောင်းသားများအား အမရပူရမြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၁၁ ရက်က စတင်ရုံးထုတ်ခဲ့ရာ တက္ကသိုလ်ကောလိပ်ပေါင်း ၃၀ ကျော်မှ ကျောင်းသားကိုယ်စားလှယ်များက လာရောက်ဝန်းရံခဲ့ပြီး ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးတွက် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကျောင်းသားများပြန်လွှတ်ပေးရေးအတွက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အာဇာနည်ဗိမာန်မှစတင်ထွက်ခွာပြီး ၈၄ လမ်းအတိုင်းလမ်းလျှောက်လာခဲ့ကာ မဟာမုနိ ဘုရားကြီးသို့ ချီတက်ခဲ့ကြောင်း သိရသည်။
လမ်းတစ်လျှောက်တွင် ကျောင်းသားများ ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသားများအနေဖြင့် မိမိတို့ဆန္ဒပြရသည့်အကြောင်းအရာများကို ရှင်းလင်းခြင်း၊ ဖမ်းဆီးခံကျောင်းသားများ အမြန်ဆုံးပြန်လွှတ်ပေးရေး စသည်တို့ ကို တောင်းဆိုခဲ့သည်။
ကျောင်းသားတစ်ဦး လုယက်ဓားထိုးခံရမှုကြောင့် သေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းအစိုးရအဖွဲ့၏ စျာပနအခမ်းအနားပုံစံပြုလုပ်ပြီး ဆန္ဒပြခဲ့သည့် ရတနာပုံတက္ကသိုလ်ကျောင်းသားသုံးဦး အပါအဝင် ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့သည့်ကျောင်းသားများကိုပါ ထပ်မံဖမ်းဆီးခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပါသော ပုဒ်မငါးခုဖြင့် အမှုဖွင့်ဖမ်းဆီးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
