ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက်ရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်တို့တွင် ဝင်ရောက်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနက် အထောက်အထား အပြည့်အစုံမရှိသည့် လုပ်သား ၃၂ ဦး ကို ထိုင်း တာဝန်ရှိသူများက ဇန်နဝါရီ ၁၀ ရက် နံနက်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တာ့ခ်ခရိုင် မဲဆောက်မြို့နယ်အနီးရှိ ဖုတ်ဖရာ့မြို့နယ် ချောင့်ခက်မြို့နယ်ခွဲ (စောအိုတိုက်နယ်) အပိုင်ဖြစ်သည့် ၁ ကီလိုမီတာ အရပ်၊၂ ကီလိုမီတာအရပ်၊ ၃ ကီလိုမီတာအရပ် (ဒေသအခေါ် ၄၈ ကီလိုမီတာအရပ်)တို့ တွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် မြန်မာစိုက်ပျိုးရေးလုပ်သား အမျိုးသား ၁၇၊ အမျိုးသမီး ၁၅ ယောက်တို့ကို အထောက်အထား အပြည့်အစုံမရှိသဖြင့် ထိုင်းနယ်ခြားစောင့်ရဲ၊ ထိုင်းလဝက ၊ ထိုင်းမှုခင်းရဲတို့မှ သုံး ဖွဲ့ပေါင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“မြန်မာ အလုပ်သမားတွေအနေနဲ့ အထောက်အထား အပြည့်အစုံ လုပ်ထားကြဖို့လိုအပ်ပါတယ်။ အခုတစ်လော ထိုင်း တာဝန်ရှိသူတွေက မကြာခဏ ဖမ်းဆီးမှုတွေ လုပ်နေကြတယ်။ အဓိက အကြောင်းကတော့ ပြီးခဲ့တဲ့လ အတွင်း မြန်မာအချင်းချင်း လေးလောင်းပြိုင် လူသတ်မှုကြီးဖြစ်ပေါ်ခဲ့တယ်။ ဒီလိုရာဇဝတ်မှုကြီးတွေ မဲဆောက်မှာ တစ်ခါမှမဖြစ်ဖူးဘူး။ ဒီလိုဖြစ်ရပ်တွေဟာ မြန်မာတွေအနေနဲ့ အထောက်အထား ခိုင်လုံစွာမပြုလုပ်ဘဲ တရားမဝင်နေထိုင်မှုတွေကြောင့် ဖြစ်ရတာလို့ ထိုင်း အာဏာပိုင်တွေက သုံးသပ်ကြတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ရက် ၂၀ ခန့်က ထိုင်းစွန့်ပစ်အမှိုက်ပုံမှာ ရှာဖွေစားသောက်နေတဲ့ မြန်မာ ၉၀ ကျော်ကို ဖမ်းဆီးခဲ့သေးတယ်။ ဒီတော့ ဘာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံထဲမှာနေမယ်ဆိုရင် အထောက်အထား အပြည့်အစုံလုပ်ပြီး နေကြပါလို့ တိုက်တွန်းချင်ပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြား သည်။
ထို့ပြင် ဇန်နဝါရီ ၁၁ ရက် နံနက်ပိုင်းမှာလည်း ဆက်လက်ဖမ်းဆီးခဲ့ကြောင်း၊ အလုပ်သမား ၂၀ ခန့်ဖမ်းဆီးခံခဲ့ရကြောင်းနှင့် ဖမ်းမိသူများကို မည်သို့အရေးယူမယ်ဆိုသည်ကို အတိအကျ မသိရသေးကြောင်းလည်း ဦးမိုး ကြိုးကပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
