မြန်မာနိုင်ငံတွင် ဆင်ခြေထောက်ရောဂါကင်းစင်ရန် ဆေးတိုက်ကျွေးခြင်းကို ယခု နှစ်ဇန်နဝါရီ ၂၂ မှစတင်၍ တစ်နိုင်ငံလုံး တိုက်ကျွေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇန်နဝါရီ ၂၂ ရက်ကနေ ၃၁ ရက်အတွင်း ၁၀ ရက်ကို တစ်ပြိုင်နက်တည်း ဆေးတိုက်ကျွေးမယ်။ မြို့နယ်တွေမှာဆို မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ဦးဆောင်မှုနဲ့ ရပ်ကွက်တိုင်းကို လိုက်ပြီးတိုက်သွားမယ်။ အဓိကအားဖြင့် ညနေပိုင်းမှာ တိုက်ကျွေးမှာပါ။ ကျောင်းသား ကျောင်းသူတွေဆိုရင်တော့ ကျောင်းတက်နေတဲ့အချိန် ဆရာမတွေနဲ့ ပညာရေးမှူးတွေအကူအညီနဲ့ တိုက်ကျွေးသွားမှာဖြစ်ပါတယ်။ ဒီဆေးတွေက အပြင်မှာဝယ်လည်းမရဘူး။ အူလမ်းကြောင်းမှာရှိတဲ့ သန်ကောင်တွေကို သေတဲ့ သန်ချဆေးကတော့ ဝယ်လို့ရတယ်။ DEC ဆိုတဲ့ဆေးကတော့ ဝယ်လို့မရဘူး။ ဒါကြောင့် တစ်နှစ်မှာ ဒီအချိန်ပဲတိုက်တာကို ယုံယုံကြည်ကြည်သောက်ပေးပါ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (ရ. ပ.က.န)ဒေါက်တာအေးမွန်မွန်ကျော်က ဆိုသည်။
ဆေးတိုက်ကျွေးရာတွင် ခရိုင်ပေါင်းလေးခရိုင်၊ မြို့နယ်ပေါင်း ၄၄ မြို့နယ်၌ လူဦးရေ ၆၄၃၂၅၁၀ သန်းကို သန်ချဆေးပေါင်း တိုက်ကျွေးမည်ဖြစ်သည်။ ယင်းကဲ့သို့ဆေးတိုက်ကျွေးခြင်းများကို ၂၀၁၃ ခုနှစ်မှစ၍ လုပ်ဆောင်ခဲ့ရာ ခြောက်နှစ်တိုင်ရှိခဲ့ပြီဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
