ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲအတွက် ဘတ်ဂျက်ကျပ် ၂ဘီလျံ အသုံးပြုသွာမည်ဖြစ်ကြောင်း စည်ပင်သာယာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။
“စည်ပင်ရွေးကောက်ပွဲအတွက် ကျပ်နှစ်ဘီလျံ အသုံးပြုသွားမယ်ဆိုတာ ဟုတ်ပါတယ်” ဟု ဦးအောင်ခိုင်က ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲအား မတ် ၃၁ ရက်နောက်ဆုံးထား ကျင်းပမည်ဖြစ်ကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားထားသည်။
လက်ရှိကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲတွင် ကော်မတီဝင် ၁၁ ဦးနက် ကော်မတီဝင်ခြောက်ဦးအား ပြည်သူလူထုမှ ခန့်အပ်နိုင်မည်ဖြစ်ပြီး ကျန်ငါးဦးအား အစိုးရမှ ခန့်အပ်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် စည်ပင်ဝန်ထမ်း ၃၀၀ ကျော်ကို ၂၀၁၈ နိုဝင်ဘာလ၌ သင်တန်းများပို့ချခဲ့ကြောင်း ရန်ကုန်မြို့တာ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
ယခင်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအား ၂၀၁၄ ဒီဇင်ဘာ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး ရွေးချယ်ခံရသည့် ကော်မတီဝင်လေးဦး၊ ခရိုင်လေးခရိုင်မှ ကိုယ်စားလှယ် ၁၂ ဦး၊ ၃၃ မြို့နယ်မှ ကိုယ်စားလှယ် ၉၉ ဦး စုစုပေါင်း ၁၁၅ ဦးသည် ၂၀၁၆ ခုနှစ် မေ ၁၈ ရက်တွင် တာဝန်ပြီးဆုံးခဲ့ပြီး ကိုယ်စားလှယ်များမရှိသည်မှာ နှစ်နှစ် ရှစ်လ ကြာမြင့်ပြီဖြစ်ကြောင်း သိရသည်။
ယခင် စည်ပင်ရွေးကောက်ပွဲအား အိမ်ထောင်စုတစ်ခုလျှင် အသက် ၁၈ နှစ်ပြည့်ပြီး သူတစ်ဦးအား မဲပေးပိုင်ခွင့်ရှိပြီး လက်ရှိကျင်းပမည့် ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအား ၂၀၁၈ ခုနှစ် ဇွန် ၂ရရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်ပြီး စည်ပင်ရွေးကောက်ပွဲ နည်းဥပဒေပြင်ဆင်ကာ လွှတ်တော်ကိုယ်စားလှယ်သို့ ချပြခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
