စပိန်အသင်းနည်းပြ အင်းနရစ်က ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီ မရှိတော့လျှင်လည်း ဆုဖလားများ ရယူနိုင်ဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အသက်(၃၃)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီသည် အသင်းမှထွက်ခွာရန် တောင်းဆိုခဲ့သော်လည်း ဘာစီလိုနာအသင်းက လျော်ကြေးယူရိုသန်း (၇၀၀) ရမှသာ ထွက်ခွာခွင့်ပေးမည်ဟု အကြောင်းပြန်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မက်ဆီက မိမိအနေဖြင့် ဘာစီလိုနာအသင်းနှင့် တရားရုံးတွင် ရင်မဆိုင်လိုသဖြင့် အသင်းတွင်ဆက်ကစားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဘာစီလိုနာအသင်းကို ၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကိုင်တွယ်ခဲ့သည့် အင်းနရစ်က အသင်းထက်ပိုအရေးကြီးသူ မရှိကြောင်း ပြောကြားခဲ့သည်။
အင်းနရစ်က "အသင်းရဲ့အထက်မှာ ဘယ်သူမှ မရှိပါဘူး။ ကစားသမားလည်း မရှိဘူး။ အသင်းဥက္ကဋ္ဌလည်း မရှိဘူး။ ဘာစီလိုနာအသင်းကို ၁၈၉၉ ခုနှစ်က တည်ထောင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အမြဲတမ်း ဆုဖလားတွေ ရရှိခဲ့တဲ့အသင်းပါ။ ဘာစီလိုနာနဲ့မက်ဆီတို့အကြား အလွန်အံ့သြစရာကောင်းတဲ့ ဆက်ဆံရေးရှိပါတယ်။ မက်ဆီဟာ ဘာစီလိုနာအသင်းကို ကြီးထွားအောင်လုပ်ပေးခဲ့တာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ အနည်းနဲ့ အမြန်ဆိုသလို မက်ဆီဟာ ဘာစီလိုနာမှာ ကစားတော့မှာ မဟုတ်ပါဘူး။ ဘာစီလိုနာအသင်းဟာ မက်ဆီမရှိဘဲ ဆုဖလားတွေ ရနေဦးမှာ ဖြစ်သလို၊ မက်ဆီဟာလည်း အံ့သြစရာကောင်းတဲ့ ကစားသမားအဖြစ် ရှိနေပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။
လာမည့် ၂၀၂၀-၂၁ ရာသီတွင် ဘာစီလိုနာအသင်း၌ ဆက်ရှိနေမည်ဟု ကြေညာခဲ့သည့် မက်ဆီက မိမိအနေဖြင့် အသင်းအတွက် အကောင်းဆုံးပေးဆပ်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
