ဘာစီလိုနာအသင်းသည် ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်ကို ပြီးခဲ့သည့်တစ်ပတ် တနင်္လာနေ့ ကတည်းက စတင်ပြုလုပ်နေခြင်းဖြစ်ပြီး အနာဂတ်မရေမရာဖြစ်နေသည့် မက်ဆီမှာ PCR စစ်ဆေးမှုအပြင် လေ့ကျင့်ရေးအစီအစဉ်ကိုပါ လာရောက်ပူးပေါင်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်း၌ ဆက်နေရန် ဆုံးဖြတ်ချက်ပြင်ဆင်ခဲ့သည့် အသင်းခေါင်းဆောင် မက်ဆီသည် တနင်္လာနေ့ တွင် လေ့ကျင့်ကွင်းသို့ပြန်လာ၍ ဆေးစစ်မှုပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် ရာသီသစ်အတွက် လေ့ကျင့်မှုအစီအစဉ်ကို ပြီးခဲ့သည့်တစ်ပတ် တနင်္လာနေ့ ကတည်းက စတင်ပြုလုပ်နေခြင်းဖြစ်ပြီး အနာဂတ်မရေမရာဖြစ်နေသည့် မက်ဆီမှာ PCR စစ်ဆေးမှုအပြင် လေ့ကျင့်ရေးအစီအစဉ်ကိုပါ လာရောက်ပူးပေါင်းရန် ပျက်ကွက်ခဲ့ခြင်း ဖြစ်သည်။
သို့သော် မက်ဆီသည် Goal သတင်းဌာနနှင့်ပြုလုပ်သည့် အင်တာဗျူးတွင် ဘာစီလိုနာအသင်း၌ ဆက်ရှိနေမည် ဟု အတည်ပြုပြောကြားခဲ့ပြီးနောက် ရာသီသစ်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်ရတော့မည်ဖြစ်သည်။ စပိန်နိုင်ငံထုတ် Marca သတင်းစာ၏ ဖော်ပြချက်အရ မက်ဆီသည် တနင်္လာနေ့ နံနက်ပိုင်းတွင် လေ့ကျင့်ရေး ကွင်းသို့သွားရောက်၍ PCR စစ် ဆေးမှုပြုလုပ်ပြီးနောက် ယခုတစ်ပတ်အတွင်း အသင်းနှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်ကြောင်း သိရသည်။
လာလီဂါပြိုင်ပွဲ၏ စည်းမျဉ်းအရ အသင်းနှင့်ပူးပေါင်းမလေ့ကျင့်မီ PCR စစ်ဆေးမှု မဖြစ်မနေပြုလုပ်ရန် လိုအပ်ပြီး COVID-19 ရောဂါ Positive တွေ့ရှိပါက Quarantine နေထိုင်၍ Negative အဖြေပြန်လည်ရရှိမှ ပြန်လည်လေ့ကျင့်ခွင့်ရမည်ဖြစ်သည်။
မက်ဆီသည် ယခုရက်သတ္တပတ်အတွင်း အသင်းနှင့် ပြန်လည်ပူးပေါင်းဖြစ်ပါက စက်တင်ဘာ ၁၂ ရက်တွင် တတိယတန်း (ဆီဂန်ဒါ-B) ကလပ် တာရာဂိုနာအသင်း နှင့်ကစားမည့် ခြေစမ်းပွဲ၌ ပါဝင်ဖွယ် မရှိသော်လည်း စက်တင်ဘာ ၂၀ ရက်တွင် ဘီလ်ဘာအိုအသင်းနှင့် ကစားရမည့် ရာသီအဖွင့် အဝေးကွင်းပွဲစဉ်တွင်မူ ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
