ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန် ဂျပန်နိုင်ငံက ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ- ၃ အမြန်ရေယာဉ်သည် မတ် ၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး သင်္ဘောရေမချမီ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ သတင်းရရှိသည်။
ဂျပန်နိုင်ငံ၏ The Economic and Social Development Programme FY အစီအစဉ်အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံပြည်သူများက ပေးအပ်လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ - ၃ အမြန်ရေယာဉ်အသစ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ SUMIDAGAWY Shipyard တွင် တည်ဆောက်ပြီးစီးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ အဆိုပါရေယာဉ်အား မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် ဖေဖော်ဝါရီ ၁၈ ရက်က ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ရေယာဉ်တင်သင်္ဘောဖြစ်သည့် MVVISUZUVOY No.304 ဖြင့် တင်ဆောင် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ကျောက်ဖြူမြို့သို့ မတ် ၁၀ ရက်ဝန်းကျင်တွင် ရောက်ရှိမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနအနေဖြင့် နိုင်ငံတကာအထောက်အပံ့နှင့် ဆောင်ရွက်သည့် လုပ်ငန်းအနေဖြင့် ဂျပန်အစိုးရ၏ ကူညီမှုဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းဒေသ ရေလမ်းခရီး၌ အသုံးပြုရန် ဂျပန်နိုင်ငံတွင် အသုံးပြုဆဲ ခရီးသည်တင်အမြန်ရေယာဉ်နှစ်စင်းနှင့် ဂျပန်နိုင်ငံတွင် အသစ်တည်ဆောက်မည့် ခရီးသည်တင်အမြန်ရေယာဉ်တစ်စင်း စုစုပေါင်းရေယာဉ် သုံးစင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနအနေဖြင့် ဌာနပိုင်ရေယာဉ်/တွဲယာဉ်များ အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများ ဆောင်ရွက်ရန် ဌာနပိုင်သင်္ဘောကျင်း ခြောက်ကျင်းရှိပြီး အဆိုပါသင်္ဘောကျင်းများတွင် ဌာနပိုင်ရေယာဉ်နှင့် တွဲယာဉ်များသာမက ပုဂ္ဂလိကပိုင် ရေယာဉ်များကို သတ်မှတ်နှုန်းထားများဖြင့် အသစ်တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရန်ကုန်မြစ်တွင်း သယ်ယူပို့ဆောင်ရေးအတွက် ကုန်သေတ္တာတင်ကုန်တင်ရေယာဉ်များ ပြေးဆွဲမှုမှာ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ရှစ်ခေါက်ပြေးဆွဲခဲ့ပြီး ကုန်သေတ္တာအလုံးရေ ၆၄၀၊ တန်ချိန်အားဖြင့် ၆၄၀၀ တန်၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင်၂၁ ခေါက် ပြေးဆွဲခဲ့ပြီး ကုန်သေတ္တာအလုံးရေ ၁၇၄၂ လုံး၊ တန်ချိန်အားဖြင့် ၁၇၄၂၀ တန်၊ ၂၀၁၈ ခုနှစ် ကာလတိုတွင် ၅၄ ခေါက်၊ ကုန်သေတ္တာ အလုံးရေ ၅၂၂၄ လုံးနှင့် တန်ချိန် ၅၂၂၄၀ တို့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
