ဂျူဗင်တပ်စ်ကြယ်ပွင့် စီရော်နယ်လ်ဒိုက မိမိအနေဖြင့် ဘောလုံးပွဲ ကြည့်ခြင်းထက် UFC ပွဲကြည့်ရခြင်းကို ပိုမိုနှစ်ခြိုက်ကြောင်း DAZN ရုပ်သံမှ တင်ဆက်သည့် Parallel World မှတ်တမ်းရုပ်ရှင်ထဲတွင် ဖွင့်ဟခဲ့သည်။
အဆိုပါ ရုပ်ရှင်အား ပြီးခဲ့သည့်ရက်ပိုင်းက DAZN ရုပ်သံတွင် စတင်ထုတ်လွှင့်ခဲ့ပြီး အပိုင်း(၁)တွင် စီရော်နယ်လ်ဒိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စီရော်နယ်လ်ဒိုက ''ကျွန်တော် မန်ယူမှာတုန်းက နည်းပြတစ်ဦးနဲ့ လက်ဝှေ့ထိုးခဲ့ဖူးတယ်။ လက်ဝှေ့လေ့ကျင့်ခြင်းက လှုပ်ရှားမှုနဲ့ အာရုံခံစွမ်းကို တိုးတက်စေတဲ့အတွက် ဘောလုံးအတွက်လည်း အကျိုးရှိတယ်ထင်ပါတယ်။ ဘောလုံးကစားခြင်းက ကျွန်တော့်ရဲ့ စိတ်အားထက်သန်မှုပါ။ ဒါပေမဲ့ TV မှာဆိုရင်တော့ တခြားအားကစားကို ကျွန်တော် ကြည့်တယ်။ ဘောလုံးပွဲ ကြည့်မလား၊ UFC ပွဲ ကြည့်မလား ဆိုရင် ဒုတိယဟာကို ကျွန်တော် ရွေးပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
