ဘာစီလိုနာဥက္ကဋ္ဌရာထူးအတွက် ရွေးကောက်ပွဲဝင်မည့် ဥက္ကဋ္ဌလောင်းတစ်ဦးဖြစ်သူ လာပေါ်တာသည် အခါးသီးဆုံးပြိုင်ဘက် ရီးယဲလ်အသင်း၏ အိမ်ကွင်း ဘာနေးဗျူးအနီးတွင် ၎င်း၏မဲဆွယ်ပိုစတာကို ချိတ်ဆွဲကာ ၎င်းတို့ (၂)သင်းကြား ပြိုင်ဆိုင်မှုကို မီးစာထပ်မြှင့်ခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
အသက် (၅၈)နှစ်အရွယ်ရှိ စပိန်လူမျိုးရှေ့နေ လာပေါ်တာသည် ဘာစီလိုနာအသင်းဥက္ကဋ္ဌအဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဆောင်ရွက်ခဲ့သူဖြစ်ပြီး ၎င်းလက်ထက်တွင် ဘာစီလိုနာအသင်းသည် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည်။
အထူးသဖြင့် ၂၀၁၈-၀၉ ရာသီတွင် ဘာစီလိုနာအသင်းသည် ဥက္ကဋ္ဌ လာပေါ်တာနှင့် နည်းပြ ဂွါဒီယိုလာ (လက်ရှိ မန်စီးတီးနည်းပြ)တို့၏ ဦးဆောင်မှုဖြင့် ဆုဖလား (၆)လုံးအထိ ရယူနိုင်ခဲ့သည်။
လာပေါ်တာသည် ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးသဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၂၄)ရက်တွင်ကျင်းပမည့် ဘာစီလိုနာဥက္ကဋ္ဌသစ် ရွေးကောက်ပွဲဝင်မည်ဟု အတည်ပြုခဲ့ပြီး ယခုအခါ မဲဆွယ်ခြင်းလုပ်ငန်းစဉ်များကို စတင်ခဲ့ခြင်းဖြစ်သည်။
လာပေါ်တာသည် ဘာစီလိုနာဥက္ကဋ္ဌရာထူးအတွက် မဲဆွယ်ခြင်းအဖြစ် ဘာစီလိုနာအသင်း၏ အခါးသီးဆုံးပြိုင်ဘက်ဖြစ်သည့် ရီးယဲလ်အသင်း၏အိမ်ကွင်း ဘာနေဗျူးကွင်းနှင့် မီတာ (၂၀၀)ပင် မကွာသည့် အဆောက်အအုံတစ်ခုတွင် ၎င်း၏ပိုစတာကို ချိတ်ဆွဲခြင်းဖြစ်သည်။
လာပေါ်တာသည် ယင်းပိုစတာတွင် ''မင်းနဲ့ နောက်တစ်ကြိမ် တွေ့ခွင့်ရဖို့ စိတ်လှုပ်ရှားနေတယ်''ဟု အဓိပ္ပာယ်ရသည့် စာသားကို စပိန်ဘာသာစကားဖြင့် ရေးသားထားကြောင်းလည်း သိရသည်။
လာပေါ်တာသည် ယင်းပိုစတာကို ရိုက်ကူးထားသည့် ဓာတ်ပုံများကို သူ၏ Twitter တွင် တင်ကာ ''ဟယ်လို မက်ဒရစ်''ဟု ရေးသားခဲ့သည်။
ထို့ပြင် လာပေါ်တာက ဘာနေဗျူးကွင်းအနီးတွင် သူ၏ပိုစတာ ချိတ်ဆွဲခြင်းနှင့်ပတ်သက်ပြီး ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ် အကောင်းမြင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။
''ပီရက်ဇ်နဲ့ ကျွန်တော်တို့အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိပါတယ်။ သူ့အနေနဲ့ ကျွန်တော့်ရဲ့ ပိုစတာကို ဟာသအမြင်နဲ့တောင် တုံ့ပြန်မယ်ထင်ပါတယ်။ ဒီပိုစတာက သူများကို ထိခိုက်လိုစိတ်နဲ့ ချိတ်ဆွဲခဲ့တာ မဟုတ်ပါဘူး။ မက်ဒရစ်မှာ မဲဆွယ်ရုံသက်သက်ပါပဲ''ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
