ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ဝုလ်ဗ်(၂-၁)ချယ်လ်ဆီးပွဲအပြီးတွင် ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က မိမိအသင်းမှကစားသမားများကို ဝုလ်ဗ်အသင်း၏ တန်ပြန်တိုက်စစ်အား အတတ်နိုင်ဆုံးထိန်းချုပ်ရန် ပွဲမတိုင်ခင် သတိပေးခဲ့သော်လည်း ၎င်းတို့အနေဖြင့် မထိန်းနိုင်ဘဲ ခွင့်ပြုခဲ့သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။
ယင်းပွဲတွင် ပွဲချိန် (၄၉)မိနစ်၌ ၀ါရင့်တိုက်စစ်မှူး ဂျရူး၏ သွင်းဂိုးဖြင့် ချယ်လ်ဆီးအသင်းက ဦးဆောင်ခဲ့သော်လည်း ပွဲချိန်(၆၆)မိနစ်နှင့် ထပ်ဆောင်းအချိန်ပို (၉၀+၅)မိနစ်တွင် ဝုလ်ဗ်အသင်းဘက်သို့ ချေပဂိုးနှင့် အနိုင်ဂိုးများ ပေးကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော အဲဗာတန်အသင်းနှင့်အဝေးကွင်းပွဲတွင်လည်း (၀-၁)ဂိုး ဖြင့်ရှုံးနိမ့်ခဲ့ရာ အသင်းအတွက် (၄)ရက်အတွင်း (၂)ပွဲဆက်ရှုံး နိမ့်မှုဖြစ်ခဲ့သည်။
ပွဲအပြီး မီဒီယာတွေ့ဆုံမှု၌ လမ်းပတ်က ''ဒီနေ့ပွဲမှာ ကျွန်တော်တို့ ကစားသင့်သလောက် မကစားနိုင်ခဲ့ကြပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ။ ဝုလ်ဗ်အသင်းရဲ့ ခြိမ်းခြောက်မှုဟာ တန်ပြန်တိုက်စစ်ဆိုတာ ရှင်းပါတယ်။ တန်ပြန်တိုက်စစ်က သူတို့အသင်းရဲ့ အကြီးမားဆုံးအားသာချက်တစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အသင်းဟာ ကစားပုံမြန်ပြီး တိုက်စစ်ဧရိယာထဲမှာ အကောင်းဆုံးကစားနိုင်တဲ့အရည်အသွေးရှိလို့ပါ။ ဒါကို ပွဲမတိုင်ခင် ချယ်လ်ဆီးကစားသမားတွေကို သတိပေးခဲ့ပြီး သူတို့ တွေ ကောင်းကောင်းနားလည်ခဲ့ပါတယ်။ ပွဲကစားစဉ်အချိန်မှာလည်း သူတို့ ဒါကို ကောင်းကောင်းသိခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကစားချိန်မှာတော့ ကျွန်တော့်တို့အသင်းဟာ သူတို့အသင်းရဲ့တန်ပြန်တိုက်စစ်တွေကို မထိန်းနိုင်ဘဲ ခွင့်ပြုခဲ့ပါတယ်။ ဒီလိုအားသာချက်ရှိတဲ့အသင်းတစ်သင်းကို ကိုယ့်ဘက်က စိတ်ကြိုက်ကစားခွင့်ပေးခဲ့ရင်တော့ ရှုံးပွဲကြုံတွေ့ရမှာ မလွဲဧကန်ပါပဲ''ဟု ပြောကြားခဲ့သည်။
ယင်းပွဲကို BT Sport ရုပ်သံ၌ ဝေဖန်သုံးသပ်နေသော မန်ယူကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က ချယ်လ်ဆီးအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်သည့် အခြေအနေတွင် မရှိသေးကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ပေါလ်စခိုးလ်က ချယ်လ်ဆီးအသင်းတွင် ဂိုးရရန်ဖန်တီးနိုင်မှုစွမ်းရည် နည်းပါးနေကြောင်းနှင့် မေဆန်မောင့်၊ ဟာဗက်ဇ် အစရှိသော ကစားသမားများအနေဖြင့်လည်း ယခုထက် ပိုမိုတိုးတက်မှုရှိလာရန် အချိန်ယူရမည်ဖြစ်ကြောင်း၊ တစ်နှစ်ခန့် အတွေ့အကြုံယူပြီးမှသာ ၎င်းတို့အနေဖြင့် ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင်လည်း ချယ်လ်ဆီးအသင်းအနေဖြင့် နောက်ပိုင်းပွဲစဉ်များ၌ သွင်းဂိုးနည်းပါးသည့် ပြဿနာကို ကြုံတွေ့လာရပြီး အသင်း၌ ပုံမှန်နေရာမရခဲ့သော ၀ါရင့်တိုက်စစ်မှူး ဂျရူးပင်လျှင် အသင်း၏ ပြိုင်ပွဲစုံဂိုးသွင်းအများဆုံးကစားသမားအဖြစ် (၈)ဂိုးသွင်းယူကာ (ဂျာမန်တိုက်စစ်မှူးတီမိုဗာနာနှင့်အတူ ပူးတွဲ) ဦးဆောင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
