နယူးကာဆယ်အသင်းတွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ယခုထက် ငွေကြေးပိုမိုသုံးစွဲရန် အသင်းထိပ်တန်းတာဝန်ရှိသူများအား နည်းပြစတိဗ်ဘရုစ်က တိုက်တွန်းပြောကြားခဲ့သည်။
နယူးကာဆယ်အသင်းတွင် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ကစားသမားများနှင့် အသင်းတာဝန်ရှိသူအနည်းဆုံး (၁၀)ဦးခန့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံခဲ့ရပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကစားခဲ့သော လိဒ်စ် - နယူးကာဆယ်ပွဲတွင်လည်း ကစားသမားနှင့် နည်းပြအဖွဲ့ဝင် အတော်များများမပါဝင်နိုင်ဘဲ လွဲချော်ခဲ့သည်။
နယူးကာဆယ်အသင်းသည် ယခုလ အစောပိုင်းက ကစားရန်ရှိသည့် အက်စတွန်ဗီလာအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုလည်း ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရသည်။
ပရီးမီးယားလိဂ်တွင် ယခင်က တစ်ပတ်လျှင် (၂)ကြိမ် ရောဂါပိုး ပုံမှန်စစ်ဆေးခဲ့သော်လည်း ယခုရာသီတွင် (၁)ကြိမ်သို့ လျှော့ချခဲ့ပြီး ယင်းကဲ့သို့ လျှော့ချခဲ့ခြင်းအတွက် စတိဗ်ဘရုစ်သည် ရာသီအစကပင် ပရီးမီးယားလိဂ်တာဝန်ရှိသူများကို သတိပေးမှုများ ပြုလုပ်ခဲ့ဖူးသည်။
လက်ရှိ၌ နယူးကာဆယ်အသင်းမှာ ရောဂါပိုးကူးစက်မှုရှိနေ၍ အသင်းရှိလူပုဂ္ဂိုလ်များကို တစ်ပတ် (၃)ကြိမ်အထိ တိုးမြှင့်စစ်ဆေးလျက်ရှိနေသည်။
နယူးကာဆယ်အသင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ကင်းရှင်းသွားသည့်တိုင် ယခင်ကဲ့သို့ တစ်ပတ်တစ်ကြိမ်မဟုတ်ဘဲ ယင်းထက်ပိုမိုသော အကြိမ်အရေအတွက်ဖြင့်စစ်ဆေးစေရန် စတိဗ်ဘရုစ်က ဆန္ဒရှိနေခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
