မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက သူ့အသင်း၏ ဂိုးသွင်းစွမ်းရည်ကျဆင်းနေမှုကို မန်စီးတီး (၁-၁) ဝက်စ်ဘရွန်းပွဲအပြီး ညည်းတွားခဲ့ပြီး အဖြေရှာရန်ခက်ခဲနေသည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ယင်းပွဲတွင် မန်စီးတီးအသင်းမှာ အိမ်ကွင်း၌ ကစားရသော်လည်း ဝက်စ်ဘရွန်းအသင်းဘက်သို့ ကွင်းလယ်လူ ဂွန်ဒိုဂန် သွင်းယူသည့် ဂိုးတစ်ဂိုးသာရရှိခဲ့ပြီး ပွဲအပြီးတွင် (၁-၁)ဂိုးဖြင့် သရေ ကျခဲ့ခြင်း ဖြစ်သည်။
မန်စီးတီးအသင်းသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော မန်ချက်စတာဒါဘီပွဲစဉ်တွင်လည်း သွင်းဂိုးတစ်ဂိုးမျှ မရရှိခဲ့ဘဲ အဝေးကွင်းတွင် ဂိုးမရှိသရေကျခဲ့သည်။
မန်စီးတီးအသင်းအနေဖြင့် ယခုရာသီတွင် သွင်းဂိုးတစ်ဂိုးထက် ပိုမသွင်းနိုင်သည့်ပွဲ (၈)ပွဲအထိရှိနေပြီး အချို့ပွဲစဉ်များတွင် ရမှတ်ဆုံးရှုံးမှုများရှိနေရာ ဂွါဒီယိုလာက သူ့အသင်း၏တိုက်စစ်စွမ်းဆောင်ရည်ကို အားမလိုအားမရဖြင့် ညည်းတွားခဲ့ခြင်းဖြစ်သည်။
ပွဲအပြီး မီဒီယာတွေ့ဆုံမှုတွင် မန်စီးတီးအသင်းအနေဖြင့် တိုက်စစ်စွမ်းရည်ကျဆင်းနေသလားဟု မီဒီယာများက မေးမြန်းခဲ့ရာ ဂွါဒီယိုလာက ''ဒါက တကယ့်လက်ရှိအမှန်တရားပါပဲ။ ကျွန်တော်တို့ ပွဲကစားနေစဉ်အတွင်း အ တော်များများကို ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ ပြိုင်ဘက်ကိုလည်း ဂိုးပေးရတာမများပါဘူး။ သူတို့(ဝက်စ်ဘရွန်း အသင်း)ရဲ့ဂိုးကလည်း ထိချက်လွဲပြီး ဂိုးထဲဝင်သွားခဲ့တာပါ။ သူတို့အသင်းထက် ကျွန်တော်တို့အသင်းက အစစအရာရာ သာခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးသွင်းယူဖို့တော့ ကျွန်တော်တို့မှာ အတော့်ကိုရုန်းကန်နေရပါတယ်။ ကျွန်တော်တို့ ပွဲကိုထိန်းချုပ်နိုင်ပေမဲ့ နိုင်အောင်ကစားနိုင်ခဲ့ပါဘူး။ ဘောလုံးကို ဂိုးထဲရောက်အောင်သွင်းဖို့ လိုအပ်နေတာပါ။ ကျွန်တော်တို့ ဂိုးများများမသွင်းနိုင်ခဲ့ပါဘူး။ ဒါက မန်နေဂျာတွေအတွက် အဖြေရှာဖို့ခက်ခဲတဲ့ အရာလည်းဖြစ်ပါတယ်''ဟု ဆိုခဲ့သည်။
ယင်းပွဲတွင် မန်စီးတီးအသင်း၏ ဂိုးပေါက်ကန်သွင်းချက်မှာ (၂၆)ကြိမ်ခန့်ရှိခဲ့သော်လည်း နိုင်ပွဲတစ်ပွဲရအောင် မပြုလုပ်နိုင်ခဲ့ကြောင်းလည်း ဂွါဒီယိုလာက ဆက်လက်ပြောကြားခဲ့ပြီး အသင်း၏လက်ရှိအခြေအနေမှာ အံ့အားသင့်စရာ ကောင်းနေကြောင်း ဆိုခဲ့သည်။
ယင်းပွဲ၌ ပွဲချိန်မိနစ်(၉၀)ပြည့်ချိန်တွင် အရန်ဒိုင်က ထပ်ဆောင်းအချိန်ပိုကို (၄)မိနစ် သတ်မှတ်ခဲ့ရာ ဂွါဒီယိုလာက ယင်းအရန်ဒိုင်ရှေ့တွင်ပိတ်ကာပြီး ထပ်ဆောင်းအချိန်ပိုနည်းပါးခြင်းအတွက် ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့သည်ကိုလည်း ရုပ်သံကြည့်ပရိသတ်များ တွေ့မြင်ခဲ့ရသည်။
ထပ်ဆောင်းအချိန်ပိုတွင် အနိုင်ဂိုးရရှိရန်အတွက် လက်ကျန်ပွဲချိန်ကို ဂွါဒီယိုလာက အချိန်ကြာကြာအလိုရှိခဲ့သော်လည်း ဒိုင်များက (၄)မိနစ်သာ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
အရန်ဒိုင် အန်သိုနီတေလာရှေ့တွင် ဂွါဒီယိုလာမှာ ရယ်စရာကောင်းလောက်အောင် ပြင်းပြင်းထန်ထန်စောဒကတက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
