အာဆင်နယ် ၁-၁ ဆောက်သမ်တန်
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်ရှုံးနိမ့်ထားမှုကို ရပ်တန့်နိုင်ခဲ့ပေမဲ့ အခုပွဲမှာလည်း ကံကောင်းလို့မရှုံးခဲ့တာလို့ပဲ ပြောရမယ်။ (၆၂)မိနစ်မှာ နောက်ခံလူ ဂါဘရီယဲလ် (၂)၀ါ (၁)နီနဲ့ ထုတ်ပယ်ခံရလို့ လက်ကျန်မိနစ် (၃၀)ဝန်းကျင်ကို (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရတာဖြစ်တယ်။ အာဆင်နယ်နည်းပြ အာတီတာဟာ ဘန်လေကို အရေးနိမ့်ခဲ့တဲ့ Line-up ကို (၄) နေရာ အပြောင်းအလဲလုပ်ခဲ့ပြီး ပေပေ၊ အန်ကယ်တီယာ၊ စီဘယ်ယော့စ်၊ မိန့်လန်းနိုင်းစ်တို့ကို ပွဲထွက်ခွင့်ပေးခဲ့တာပါ။ အာဆင်နယ်ရဲ့ပွဲထွက်စာရင်းက ၂၀၁၂ စက်တင်ဘာလနောက်ပိုင်း အသက်အငယ်ဆုံးဖြစ်ခဲ့ပါတယ်။
အာတီတာက တိုက်စစ်ကို အဓိကပစ်မှတ်ထားပြီး ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ အန်ကယ်တီယာ၊ ပေပေတို့က သာမန်ထက်ပိုပြီး ဘာမှ လုပ်မပြနိုင်ခဲ့ပါဘူး။ ဒီပွဲက အာတီတာအဖို့ အာဆင်နယ်နည်းပြအဖြစ် တာဝန်ယူတာ ပွဲ(၅၀)ပြည့်မြောက်တဲ့ ပွဲဖြစ်ပြီး အံ့အားသင့်စရာကောင်းတာက နိုင်ပွဲအရေအတွက်မှာ အမှတ်ပေးပွဲ(၁၃ ပွဲ)ထက် ဖလားပွဲ(၁၄ ပွဲ)မှာ ပိုများနေတာပါ။ ဒီပွဲမှာ အာဆင်နယ်အတွက် တစ်ခုတည်းသော အပေါင်းလက္ခဏာဆောင်တာက အူဘာမီယန်း ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပြီး (၅၂) မိနစ်မှာ သွင်းယူတဲ့ချေပဂိုးက ပရီးမီးယားလိဂ်မှာ (၇၉၇)မိနစ်ကြာ Open Play ကနေ ဂိုးသွင်းယူနိုင်မှုမရှိတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဆောက်သမ်တန်အသင်းကစားပုံက အားရစရာကောင်းပါတယ်။ ဆောက်သမ်တန်ကွင်းလယ်မှာ အဓိကပုံဖော်ခဲ့တာက နောက်ပိုင်းပွဲတွေမှာ တောက်လျှောက်ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဝက်ဒ်ပရောက်ပါပဲ။ အင်္ဂလန်လက်ရွေးစင်က စားသမားဟာ ကွင်းထဲမှာ ဘောလုံးထိချက်(၁၁၆) ကြိမ်ရှိကာ အများဆုံးဖြစ်ခဲ့ပြီး ဒီပွဲမှာတော့ ခံစစ်ကို ပိုအာရုံစိုက်ကစားခဲ့ပါတယ်။ Opposition Half မှာ ဝက်ဒ်ပရောက်တစ်ဦးတည်းက ဘောလုံးပေးပို့မှုအများဆုံးအဖြစ် (၅၉)ကြိမ်ရှိခဲ့ပြီး ပေးပို့တဲ့ (၈၉%)ကလည်း တိကျမှန်ကန်ခဲ့ပါတယ်။ ဆောက်သမ်တန်ရဲ့ဦးဆောင်ဂိုးကို (၁၈)မိနစ်မှာ ဝေါလ်ကော့က အသင်းဟောင်းဘက်ကို သွင်းယူပေးခဲ့တာပါ။ ကစားသမားတစ်ယောက် အသာရသွားချိန်မှာ ဆောက်သမ်တန် ပိုဖိနိုင်ခဲ့ပေမဲ့ အခွင့်အရေးတော့ သိပ်မရခဲ့ပါဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
