လီဗာပူးလ် ၂-၁ စပါး
ဇယားထိပ်ဆုံးနေရာအတွက် အပြိုင်လုရတဲ့ပွဲမှာ လီဗာပူးလ်အသင်းက နောက်ဆုံးမိနစ်ဂိုး နဲ့ အနိုင်ယူခဲ့လို့ စပါးအသင်းကို (၃)မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအဖို့ ဒီပွဲရလဒ်ကြောင့် အိမ်ကွင်းအမှတ်ပေးပွဲ ရှုံးပွဲမရှိမှုမှတ်တမ်းက (၆၆)ပွဲအထိ ရှိလာခဲ့ပါတယ်။ မော်ရင်ဟိုကတော့ ကလော့ပ်နဲ့ ထိပ်တိုက်တွေ့တဲ့ အဝေးကွင်းပွဲတွေမှာ အနိုင်မရဖူးသေးတဲ့ မှတ်တမ်းဆိုးကို ဆက်ထိန်းခဲ့ရတယ်။ မော်ရင်ဟိုအနေနဲ့ ကလော့ပ်နဲ့ရင်ဆိုင်တွေ့တဲ့ ပြိုင်ပွဲစုံအဝေးကွင်း(၆)ပွဲမှာ (၂)ပွဲသရေ၊ (၄)ပွဲရှုံးမှတ်တမ်းကိုသာ ရရှိခဲ့တာပါ။ ကလော့ပ်က ဒဏ်ရာပြဿနာများနေတဲ့ ခံစစ်အတွင်း(၂)နေရာမှာ ဖာဘင်ညိုကို လူငယ်နောက်ခံလူ ရီးစ်ဝီလျံစ်နဲ့တွဲကာ ပွဲထုတ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ပထမဆုံးပွဲထွက် ကစားခွင့်ရတဲ့ ရီးစ်ဝီလျံစ်က အမှားအယွင်းတချို့ ရှိခဲ့ပေမဲ့ ဆွန်ဟောင်မင်၊ ဟာရီကိန်းတို့ကစားတဲ့ စပါးတိုက်စစ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲံတာကတော့ အသိအမှတ်ပြုရမှာပါ။
အားကောင်းလှတဲ့ စပါးအသင်းရဲ့ Counter တွေကို စနစ်တကျ ထိန်းချုပ်နိုင်ဖို့အတွက် ကလော့ပ်က သေချာပြင်ဆင်လာခဲ့တယ်။ Full Back တွေဖြစ်တဲ့ ရောဘတ်ဆန်၊ အာနိုးလ်တို့တောင် Attacking သိပ်မလိုက်ဘဲ တိုက်စစ်ကနေ ပြန်ကျွံလာမယ့်ဘော လုံးတွေကို သတိထားထိန်းကစားသွားခဲ့တာတွေ့ရတယ်။ ပထမပိုင်းမှာ လီဗာပူးလ်အသင်းက ပွဲကို အတော်လေးလွှမ်းမိုးထားနိုင်ခဲ့တယ်။ စပါးအသင်းတစ်သင်းလုံး ဒီ(၄၅)မိနစ်အတွင်းမှာ ဘောလုံး ပေးပို့မှု (၇၅)ကြိမ်သာရှိပြီး ရီးယဲလ်အသင်းကို ကိုင်တွယ်ချိန် ၂၀၁၂ ဧပြီလက ဘာစီလိုနာအ သင်းနဲ့ပွဲမှာ (၅၄)ကြိမ်သာရှိခဲ့တဲ့နောက်ပိုင်း မော်ရင်ဟိုကိုင်တွယ်တဲ့အသင်းတစ်သင်းအဖို့ အနည်းဆုံးအရေအတွက်ဖြစ်ခဲ့တယ်။ လီဗာပူးလ်အသင်းက ဂိုးသွင်းခွင့်တွေရပေမဲ့ ဂိုးသမား လိုရစ်ဆီ တည့်တည့်ရောက်သွားတာက များပြီး လိုရစ်ကလည်း အခုပွဲမှာ လက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပေးလိုက်ရတဲ့ (၂)ဂိုးစလုံးက သူ့အနေနဲ့ ဘယ်လိုမှမတတ်နိုင်တဲ့အနေအထားကနေ ခွင့်ပြုလိုက်ရတာဖြစ်တယ်။
လီဗာပူးလ်ရဲ့ ပထမဂိုးကတော့ (၂၆)မိနစ်မှာ ဆာလာ ကန်သွင်းမှုက စပါးနောက်ခံလူနဲ့ထိကာ လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့ပြီး (၉၀)မိနစ်မှာ ဖေမီနို ခေါင်းတိုက်သွင်းတဲ့ အနိုင်ဂိုးကလည်း လိုရစ်ရဲ့ အဝေးထောင့်ထဲကို တိုက်သွင်းခဲ့တာပါ။ စပါးအတွက်ဂိုးကိုတော့ (၃၃)မိနစ်မှာ ဆွန်ဟောင်မင်က Counter ကနေပဲ အခွင့်အရေးရှားရှားပါးပါးရတာကို အသုံးချပြီး သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာ စပါးအသင်းက ဘာ့ဂ်ဝင်းချ်နဲ့ လီဗာပူးလ်အသင်းက မာနေတို့ ကန်သွင်းမှုတွေ တိုင်ထိ၊ ဘားထိထွက်ခဲ့ပြီး အသင်းခေါင်းဆောင် ဟာရီကိန်းကလည်း ဂိုးရှေ့မှာ အပိုင်ခေါင်းတိုက်ခွင့်ရပေမဲ့ ဂိုးဘားပေါ်ကျော်သွားခဲ့ပါ တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
