မြေနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို တိကျစွာလိုက်နာဆောင်ရွက်သွားရန်လိုအပ်ပြီး မြို့မြေများ တိုးချဲ့ရာတွင် Town Plan များစနစ်တကျရေးဆွဲ၍ စည်းကမ်းနှင့်အညီ တင်ပြပြီးမှသာ လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၁၆ ရက်က ညောင်ဦးခရိုင်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ပုဂံယဉ်ကျေးမှုပြတိုက်၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၎င်းက ပုဂံညောင်ဦးဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြေများရှိသည့်အတွက် မြေယာစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အထူးအလေးထား ဆောင်ရွက်ရေး၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းကြောင့် ဒေသ၏ ဖူလုံရေးကို ထိခိုက်စေနိုင်သည့်အတွက် စနစ်တကျကြပ်မတ်ဆောင်ရွက်ရေးတို့ကို မှာကြားသည်ဟု သိရသည်။
ထို့ကြောင့် မြေလွတ်မြေရိုင်းများ၊ လယ်ယာမြေများ၊ ရှေးဟောင်းမြေများ စီမံခန့်ခွဲရာတွင် သတ်မှတ်ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း၊ ဥပဒေတို့နှင့်အညီ တိကျစွာလိုက်နာလုပ်ဆောင်ရန်လိုအပ်ပြီး ဒေသရှိ မြေများကို အကျိုးရှိရှိ အသုံးချနိုင်ရေး Town Plan များ စနစ်တကျရေးဆွဲရမည်ဖြစ်ကြောင်း မှာကြားသည်။
ထိုသို့ Town Plan ရေးဆွဲရာတွင်လည်း ဘာသာရေးဆိုင်ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ ရုံး ဌာန အဆောက်အဦများ၊ အပန်းဖြေနေရာများကို စနစ်တကျထည့်သွင်းနိုင်ရေး အချိန်ယူဆွေးနွေးတိုင်ပင်၍ တွက်ချက်ရေးဆွဲသွားရန်လိုကြောင်းကိုလည်း ထပ်မံမှာကြားသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့လာရောက်သည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ပိုမိုတိုးတက်စေရေးအတွက် ညောင်ဦးလေဆိပ်ကိုလည်း အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေပြီး တာဝန်ရှိသူများကလည်း မိမိတို့တာဝန်ထမ်းဆောင်ရသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေအနေအရပ်ရပ်ကို ကြိုတင်တွက်ချက် လုပ်ဆောင်သင့်ကြောင်းလည်း ပြောကြားခဲ့သည်ဟု သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
